Unicode
Apple ကနေ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတုန်းက ပုံမှန် Primary နဲ့ Telephoto အပြင် Ultrawide Angle Camera အသစ်ပါဝင်လာတဲ့ iPhone 11 Pro Series ဖုန်းတွေကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒ့ါအပြင် Telephoto Camera မပါဝင်တဲ့ iPhone 11 ကိုပါ ထုတ်ပြသွားပြီးတော့ စျေးနှုန်းအရလည်း $699 ပဲရှိတဲ့အတွက် အဆိုပါ iPhone 11 ဟာ အရောင်းရဆုံး iPhone လည်း ဖြစ်လာခဲ့ပါတယ်။
အခုအချိန်မှာတော့ စမတ်ဖုန်းကင်မရာတွေကို အကဲဖြတ်တဲ့ Benchmarking Website တစ်ခုဖြစ်တဲ့ DxOMark ကနေ iPhone 11 ရဲ့ Camera စွမ်းဆောင်ရည်ရမှတ်ကို ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ DxOMark ရဲ့ ထုတ်ပြန်ချက်အရ iPhone 11 ဟာ Overall Score အနေနဲ့ 109 Marks ရရှိခဲ့ပြီးတော့ သူ့အရှေ့က Generation ဖြစ်တဲ့ iPhone XR အပြင် iPhone XS Max ကိုပါ ကျော်တက်သွားခဲ့ပါတယ်။
ဒီ iPhone 11 မှာ အသုံးပြုထားတဲ့ Camera Setup ဟာ Telephoto Camera ပါဝင်ခြင်းမရှိတာကလွဲရင် iPhone 11 Pro စမတ်ဖုန်းတွေနဲ့ တူညီပြီးတော့ Video ပိုင်းမှာဆိုရင်လည်း iPhone 11 Pro ဖုန်းတွေထက် ရမှတ် ၁ မှတ်ပဲ လျော့နည်းတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Telephoto Camera ပါဝင်ခြင်းမရှိတာကြောင့် Zoom Shot နဲ့ Portrait ပုံတွေမှာတော့ အနည်းငယ်အားနည်းနေတယ်လို့လည်း သိရပါတယ်။
ဘာပဲဖြစ်ဖြစ် iPhone 11 ဖုန်းဟာ DxOMark ရဲ့ အကောင်းဆုံး Top 10 ဖုန်းတွေထဲကိုတော့ ဝင်ရောင်းခဲ့ခြင်းမရှိပေမယ့် Huawei P20 Pro ၊ Samsung Galaxy Note 9 နဲ့ Google Pixel 3 ဖုန်းတွေထက်တော့ ပိုပြီး အမှတ်များပါသေးတယ်။
Ref – GSM Arena
Zawgyi
Ref – GSM Arena