Zawgyi

Apple ကနေ မနှစ်တုန်းက မိတ်ဆက်လာခဲ့တဲ့ iPhone 11 Pro နဲ့ 11 Pro Max ဖုန်းတွေဟာ လက်ရှိ iPhone တွေရဲ့ သမိုင်းတလျှောက်မှာ Upgrade ပြုလုပ်မှုအများဆုံးဖုန်းတွေလို့ ပြောလို့ရပါတယ်။ ဒီ iPhone 11 Pro ဖုန်းတွေမှာ Ultrawide Lens ကိုလည်း အသစ်ထည့်သွင်းလာတဲ့အပြင် Processor ၊ Battery Life တွေကိုလည်း သိသိသာသာ Improve ပြုလုပ်လာတာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲက အောင်မြင်မှုရရှိခဲ့တဲ့ iPhone XR ဖုန်းကိုလည်း ပိုကောင်းပြီး Ultrawide Camera ပါဝင်လာတဲ့အပြင် စျေးနှုန်းအရလည်း iPhone XR ရဲ့ $749 ကနေ $699 ကို စျေးချပြီး ရောင်းချခဲ့တဲ့ iPhone 11 ဖုန်းကလည်း လက်ရှိမှာ အဝယ်သင့်ဆုံး iPhone လို့တောင် ပြောလို့ရနေတာပဲဖြစ်ပါတယ်။

ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်း သိသိသာသာမြင့်မားလာတဲ့ iPhone 11 Series ဖုန်းတွေဟာ တကယ်လည်း ဝယ်ယူသူတွေကို ဆွဲဆောင်နိုင်တယ်လို့ ပြောလို့ရပြီး အခုနောက်ဆုံး ရရှိတဲ့သတင်းအရ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စတုတ္ထ ၃ လပတ်မှာ Apple iPhone တွေရဲ့ ရောင်းအား ၆၉ ရာခိုင်နှုန်းကို ဒီ iPhone 11 Series တွေက အပိုင်သိမ်းထားတယ်လို့ သိရပါတယ်။

အခု Report အရ iPhone 11 ဟာ ရောင်းအား ၃၉ ရာခိုင်နှုန်းနဲ့ အရောင်းအရဆုံး iPhone ဖြစ်ခဲ့ပြီးတော့ iPhone 11 Pro နဲ့ iPhone 11 Pro Max ဖုန်းတွေကတော့ ရောင်းအား ၁၅ ရာခိုင်နှုန်းကိုယ်စီရှိနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဒီနှစ်မှာတော့ iPhone အသုံးပြုသူတွေက Screen Size ပိုကြီးတဲ့ iPhone 11 Pro Max ကို ဝယ်ယူမှု လျော့နည်းသွားတယ်လို့ ပြောရမှာပါ။ ဒါကလည်း iPhone X အသုံးပြုသူတွေအများအပြားက iPhone 11 Pro ကို Upgrade လုပ်လာတာလည်း ဖြစ်နိုင်ပါတယ်။

မနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone XR ကလည်း ရောင်းအား ၁၈ ရာခိုင်နှုန်းနဲ့ အနောက်ကနေ လိုက်နေပြီးတော့ ဒါကလည်း Apple ကနေ iPhone XR ရဲ့ စျေးကို $599 အထိ စျေးချလိုက်တာကြောင့်ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် စျေးသက်သာတဲ့ iPhone တွေက ပိုရောင်းအားကောင်းနေတာကိုတော့ ဘယ်လိုမှ ငြင်းလို့မရပါဘူး။

Ref – GSM Arena

Zawgyi

Apple ကေန မႏွစ္တုန္းက မိတ္ဆက္လာခဲ့တဲ့ iPhone 11 Pro နဲ႔ 11 Pro Max ဖုန္းေတြဟာ လက္ရွိ iPhone ေတြရဲ႕ သမိုင္းတေလွ်ာက္မွာ Upgrade ျပဳလုပ္မႈအမ်ားဆုံးဖုန္းေတြလို႔ ေျပာလို႔ရပါတယ္။ ဒီ iPhone 11 Pro ဖုန္းေတြမွာ Ultrawide Lens ကိုလည္း အသစ္ထည့္သြင္းလာတဲ့အျပင္ Processor ၊ Battery Life ေတြကိုလည္း သိသိသာသာ Improve ျပဳလုပ္လာတာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ထဲက ေအာင္ျမင္မႈရရွိခဲ့တဲ့ iPhone XR ဖုန္းကိုလည္း ပိုေကာင္းၿပီး Ultrawide Camera ပါဝင္လာတဲ့အျပင္ ေစ်းႏႈန္းအရလည္း iPhone XR ရဲ႕ $749 ကေန $699 ကို ေစ်းခ်ၿပီး ေရာင္းခ်ခဲ့တဲ့ iPhone 11 ဖုန္းကလည္း လက္ရွိမွာ အဝယ္သင့္ဆုံး iPhone လို႔ေတာင္ ေျပာလို႔ရေနတာပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳး စြမ္းေဆာင္ရည္ပိုင္း သိသိသာသာျမင့္မားလာတဲ့ iPhone 11 Series ဖုန္းေတြဟာ တကယ္လည္း ဝယ္ယူသူေတြကို ဆြဲေဆာင္ႏိုင္တယ္လို႔ ေျပာလို႔ရၿပီး အခုေနာက္ဆုံး ရရွိတဲ့သတင္းအရ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္ စတုတၳ ၃ လပတ္မွာ Apple iPhone ေတြရဲ႕ ေရာင္းအား ၆၉ ရာခိုင္ႏႈန္းကို ဒီ iPhone 11 Series ေတြက အပိုင္သိမ္းထားတယ္လို႔ သိရပါတယ္။

အခု Report အရ iPhone 11 ဟာ ေရာင္းအား ၃၉ ရာခိုင္ႏႈန္းနဲ႔ အေရာင္းအရဆုံး iPhone ျဖစ္ခဲ့ၿပီးေတာ့ iPhone 11 Pro နဲ႔ iPhone 11 Pro Max ဖုန္းေတြကေတာ့ ေရာင္းအား ၁၅ ရာခိုင္ႏႈန္းကိုယ္စီရွိေနတာျဖစ္ပါတယ္။ အဲ့ဒီအတြက္ ဒီႏွစ္မွာေတာ့ iPhone အသုံးျပဳသူေတြက Screen Size ပိုႀကီးတဲ့ iPhone 11 Pro Max ကို ဝယ္ယူမႈ ေလ်ာ့နည္းသြားတယ္လို႔ ေျပာရမွာပါ။ ဒါကလည္း iPhone X အသုံးျပဳသူေတြအမ်ားအျပားက iPhone 11 Pro ကို Upgrade လုပ္လာတာလည္း ျဖစ္ႏိုင္ပါတယ္။

မႏွစ္တုန္းက မိတ္ဆက္ခဲ့တဲ့ iPhone XR ကလည္း ေရာင္းအား ၁၈ ရာခိုင္ႏႈန္းနဲ႔ အေနာက္ကေန လိုက္ေနၿပီးေတာ့ ဒါကလည္း Apple ကေန iPhone XR ရဲ႕ ေစ်းကို $599 အထိ ေစ်းခ်လိုက္တာေၾကာင့္ျဖစ္ႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ေစ်းသက္သာတဲ့ iPhone ေတြက ပိုေရာင္းအားေကာင္းေနတာကိုေတာ့ ဘယ္လိုမွ ျငင္းလို႔မရပါဘူး။

Ref – GSM Arena