Apple ဟာ ယခုနှစ်အတွက် iPhone 12 Series ဖုန်းတွေကို စတင်ရောင်းချနေတာ လပိုင်းပဲရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Counterpoint Research ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ ပြီးခဲ့တဲ့အောက်တိုဘာလကတည်းက ရောင်းအားအကောင်းဆုံး 5G စမတ်ဖုန်းနေရာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Counterpoint Research ရဲ့ ထုတ်ပြန်ချက်အရတော့ iPhone 12 ဟာ 5G စမတ်ဖုန်းစျေးကွက်ရဲ့ ၁၆ ရာခိုင်နှုန်းကို သိမ်းပိုက်ထားနိုင်ပြီးတော့ ဒုတိယနေရာမှာလည်း iPhone 12 Pro က စျေးကွက်ရဲ့ ၈ ရာခိုင်နှုန်းကို ရယူထားနိုင်တာဖြစ်ပါတယ်။ တတိယနေရာမှာ Samsung Galaxy Note 20 Ultra 5G က စျေးကွက်ရဲ့ ၄ ရာခိုင်နှုန်းကိုပဲ ရယူထားနိုင်ပြီးတော့ အဲ့ဒီအောက်မှာတော့ Huawei ၊ OPPO နဲ့ Samsung ဖုန်းတွေပဲ ရှိနေတာဖြစ်ပါတယ်။

အခုလိုမျိုး iPhone 12 Series ရဲ့ အောင်မြင်မှုဟာ အဓိကအနေနဲ့ US လိုမျိုးနိုင်ငံတွေမှာ iPhone 12 မိတ်ဆက်မှုနဲ့အတူ 5G ကွန်ရက်ပိုမိုကျယ်ပြန့်လာတာနဲ့ ရောင်းချနေတဲ့ နိုင်ငံပေါင်း ၁၄၀ ကျော်ရှိနေတဲ့အတွက် စျေးကွက်ကျယ်ပြန့်တာကြောင့်လည်းဖြစ်တယ်လို့ သိရပါတယ်။ ယခုရလဒ်ဟာ အောက်တိုဘာလအတွင်းမှာဖြစ်တဲ့အတွက် နောက်ထပ် ထုတ်ပြန်ချက်တွေမှာ iPhone 12 Pro Max နဲ့ iPhone 12 Mini ဖုန်းတွေပါ ပါဝင်လာဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် တကမ္ဘာလုံးမှာ 5G ကို အမြန်ဆန်ဆုံးရရှိအောင်ဆောင်ရွက်နေကြသလို Apple iPhone 12 Series ဟာလည်း ယခင် iPhone 11 ထက်တောင် ပိုပြီးရောင်းအားကောင်းဖို့ကတော့ ကျိန်းသေနေပြီဖြစ်ပါတယ်။ အခုအတိုင်းဆက်သွားမယ်ဆိုရင် လာမယ့်နှစ်မှာ Apple အနေနဲ့ စျေးကွက်ပထမနေရာကိုပါ သိမ်းပိုက်နိုင်ခြေရှိနေပါတယ်။

Ref – 9to5Mac