Apple ဟာ ယခုနှစ်မှာ iPhone 12 Series စမတ်ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးတော့ ပုံမှန်ကနေ ကွဲထွက်နေတဲ့ iPhone 12 Mini ကိုပါ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Compact iPhone အသုံးပြုချင်တဲ့သူတွေအတွက် အဆင်အပြေဆုံးဖြစ်နိုင်တဲ့ ဖုန်းတစ်လုံးလို့တောင် ပြောနိုင်ပါတယ်။

ပိုပြီး သဘောကျဖို့ကောင်းတဲ့အချက်ကတော့ iPhone 12 Mini ဟာ Screen Size ပိုသေးငယ်တာကလွဲရင် တခြားသော Performance ၊ Camera လိုမျိုးနေရာတွေမှာ iPhone 12 နဲ့တူညီနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Mini ဖြစ်နေလို့ စွမ်းဆောင်ရည်ပိုင်းမှာ အားနည်းနေတာမျိုးမရှိပါဘူး။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရတဲ့သတင်းတွေအရ iPhone 12 Mini မှာ Software Bug တစ်ခုကို ကြုံတွေ့နေရတယ်လို့ သိရပါတယ်။ ဒါကတော့ Lock Screen မှာ Touch Sensitivity Issue တွေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ Lock Screen ကနေ Unlock ပြုလုပ်လို့မရတာနဲ့ Touch သို့မဟုတ် Camera ကို အသုံးပြုလို့မရတာမျိုးဖြစ်ပွားနေတယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Reddit နဲ့ MacRumors လိုမျိုး Forum တွေမှာ အသုံးပြုသူအများအပြားက တူညီတဲ့ပြဿနာကို ကြုံတွေ့နေရတယ်ဆိုပြီး ပြောကြားနေကြတာဖြစ်ပါတယ်။ Apple ဘက်ကတော့ ဘာကြောင့်ဖြစ်ပွားတယ်ဆိုတာနဲ့ ပြန်လည်ပြင်ဆင်ပေးနိုင်တဲ့ Software Update ကို ထုတ်ပေးသွားဖို့ရှိမလားဆိုတာကိုတော့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။

ဘာပဲဖြစ်ဖြစ် Software Issue ဖြစ်နိုင်ခြေများတဲ့အတွက် Apple ကနေ Software Update နဲ့ပဲ ပြန်လည်ဖြေရှင်းသွားဖွယ်ရှိပါတယ်။

Ref – MacRumors