Apple ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက iPhone 12 Series စမတ်ဖုန်းအသစ်တွေကို တရားဝင်မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ iPhone 12 Series ဖုန်းအားလုံးဟာ 5G Support ပြုလုပ်မှာဖြစ်တဲ့အပြင် OLED Display တွေကိုပါ သုံးစွဲထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Battery ပိုင်းမှာ ယခင် iPhone 11 Series တွေနဲ့ယှဥ်ရင် ပိုပြီးကောင်းနိုင်မလားဆိုတာက စဥ်းစားစရာပါ။

အခုအချိန်မှာတော့ iPhone 12 Series ဖုန်းတွေဖြစ်တဲ့ iPhone 12 Mini နဲ့ iPhone 12 တို့ရဲ့ Battery Capacity က ပေါက်ကြားလာခဲ့ပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Brazil Regulatory Document တွေကနေတစ်ဆင့် MacRumors ကနေ ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဆိုပါ ဖော်ပြချက်အရ iPhone 12 Mini မှာ 2227mAh Battery ပဲပါဝင်မှာဖြစ်ပြီး iPhone 12 မှာတော့ 2815mAh Battery ပဲပါဝင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone 12 Mini ဟာ လက်ရှိ iPhone SE (2020) ထက်တော့ Battery Capacity ပိုများတယ်ဆိုပေမယ့် iPhone 12 အနေနဲ့ကတော့ မနှစ်တုန်းက iPhone 11 ရဲ့ 3110mAh Battery ထက်တောင် ပိုနည်းနေတာဖြစ်ပါတယ်။

ကျန်တဲ့ iPhone 12 Pro နဲ့ 12 Pro Max ဖုန်းတွေရဲ့ Battery Capacity ကို အတိအကျမသိရသေးပေမယ့် MacRumors ကတော့ iPhone 12 Pro မှာ 2775mAh Battery နဲ့ iPhone 12 Pro Max မှာ 3687mAh Battery အသီးသီးပါဝင်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါကလည်းမနှစ်တုန်းက iPhone 11 Pro ရဲ့ 3046mAh Battery နဲ့ iPhone 11 Pro Max ရဲ့ 3969mAh Battery တွေနဲ့ယှဥ်ရင် ပိုလျော့နည်းသွားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple အနေနဲ့ အခုလိုမျိုး ပမာဏအားဖြင့်ပိုသေးငယ်တဲ့ Battery တွေကို ထည့်ထားသလို 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip ကလည်း ဘယ်လောက်ထိ Optimization လုပ်နိုင်မလဲဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ကျိန်းသေတာကတော့ မနှစ်တုန်းက iPhone 11 Series ထက်တော့ Battery ပိုင်းမှာ သိသိသာသာပိုကောင်းလာမှာမဟုတ်ပါဘူး။

Ref – Giz China