လာမယ့်မျိုးဆက်သစ်ဖြစ်တဲ့ iPhone 12S (ဒါမှမဟုတ် iPhone 13) ဟာ လက်ရှိ iPhone 12 စီးရီးတွေနဲ့ အများကြီးမကွာခြားဘူးလို့ မျှော်လင့်ရပါတယ်။ LetsGoDigital နဲ့ Concept Creator တို့ ပူးပေါင်းပုံဖော်တဲ့ iPhone 12S 3D Render အရလည်း ကြီးမားတဲ့ကွာခြားမှုမရှိဘူးလို့ ပြောနိုင်ပါတယ်။

Render အရ iPhone12S မှာ လက်ရှိ iPhone 12 ထက်အနည်းငယ်သေးတယ်လို့ ခန့်မှန်းရတဲ့ Notch အခင်းအကျင်းကို တွေ့မြင်ရပါတယ်။ ဒါပေမယ့် iPhone 12S မှာ In-Display fingerprint scanner ထည့်သွင်းထားမယ်ဆိုတဲ့သတင်းကတော့ မျက်ခုံးပင့်ချင်စရာ ဖြစ်ပါလိမ့်မယ်။ ဒီ Sensor တွေကို ဘယ်သူကရောင်းမှာလဲဆိုတဲ့မေးခွန်းအတွက် Apple ကို 5G modems တွေထောက်ပံ့နေတဲ့ Qualcomm ကရောင်းနိုင်တယ်လို့ပဲ ဖြေရမယ်ထင်ပါတယ်။

Ultrasonic FP ကိုဆိုလိုတာကြောင့် Qualcomm လို့ခန့်မှန်းရခြင်းဖြစ်ပြီး၊ Face ID ကတော့ Notch ထဲမှာပဲ ဆက်ရှိနေမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် Charging ကလည်း MagSafe system သုံးလာနိုင်တယ်လို့လည်း ဆိုပါတယ်။ Lightning က 20W ဖြစ်တာကြောင့် MagSafe 15W (ဒုတိယမျိုးဆက်က ပိုပြီးမြင့်လာနိုင်ပါတယ်) နဲ့ဆိုရင် သိပ်မကွာတော့ပါဘူး။

Wi-Fi 6E ထောက်ပံ့တာက ဒေတာအလွှဲအပြောင်းကို ပိုပြီးမြန်ဆန်စေပါတယ်။ ကိုယ်ထည်ကတော့ အနည်းငယ်ပိုထူတဲ့ပုံစံရှိပေမယ့် ဘက်ထရီစွမ်းဆောင်ရည်ပိုင်းကတော့ အတူတူပဲဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ Ming-Chi Kuo ကတော့ 12S Pro နဲ့ 12S Pro Max တို့မှာ ပိုပြီးကောင်းမွန်တဲ့ Ultra-wide-angle ကင်မရာပါဝင်ပြီး f/1.8 lens နဲ့ Autofocus ပါမယ်လို့ ဆိုပါတယ်။

Ref: GSM Arena