iPhone 13 Series နမူနာ မော်ဒယ်တွေကို Apple က ကုမ္ပဏီများစွာထံပေးပို့ထားပြီး အခုတော့ iPhone 13 နမူနာမော်ဒယ်တွေနဲ့ Case ဓါတ်ပုံတွေ ပေါက်ကြားလာပါတယ်။ မော်ဒယ် ၄ လုံးရဲ့ ဓါတ်ပုံတွေကို အရင်က မြင်တွေ့ခဲ့ကြပြီးပြီ ဖြစ်ပြီး အခုတော့ နောက်ထပ် ကြည့်စရာတွေ ရလာပါပြီ။

Marques Brownlee က မျှဝေထားတာ ဖြစ်ပြီး မော်ဒယ် ၄ လုံးစလုံးဟာ အဖြူရောင် ဖြစ်ပါတယ်။  လက်ရှိ ခန့်မှန်းချက်တွေအရ Pro မော်ဒယ် ၂ လုံးမှာပဲ 120Hz Refresh Rate ထောက်ပံ့တဲ့ LTPO Panels တွေပါလာမှာ ဖြစ်ပြီး တခြား မော်ဒယ် ၂ လုံးမှာ 60Hz ပဲ ထောက်ပံ့ထားမှာပါ။ Apple ဟာ iPhone 14 Series အားလုံးမှာတော့ LTPO တွေ သုံးထားမယ်လို့ သတင်းထွက်နေပါတယ်။

iPhone 13 Cases တွေရဲ့ ဓါတ်ပုံတွေလည်း ပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီ Cases တွေဟာ လက်ရှိ iPhone 12 မော်ဒယ်တွေနဲ့ တော်ပေမယ့် ကင်မရာနဲ့ ခလုတ်တွေကတော့ နေရာလွဲနေပါတယ်။

တရုတ် Accessory ထုတ်လုပ်သူ Benks က iPhone 13 Cases နဲ့ Cases ထုတ်လုပ်တဲ့ Molds ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

iPhone 13 Series ကို Foxconn နဲ့ Pegatron တို့က ထုတ်လုပ်ပေးမယ်လို့ သတင်းထွက်နေပြီး လက်ရှိအချိန်အထိ အမြောက်အများ မထုတ်လုပ်သေးဘူးလို့ သိရပါတယ်။ Apple ဟာ စက်တင်ဘာလမှာ iPhone 13 Series ကို ကြေညာနိုင်တဲ့အတွက် အမြောက်အများ ထုတ်လုပ်ဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။ အကြောင်းကြောင်းကြောင့် မိတ်ဆက်ပွဲ နောက်ကျမယ်ဆိုရင်တောင် အောက်တိုဘာလမှာ ကြေညာနိုင်ပါတယ်။

ref : gsmarena