Apple ဟာ လာမဲ့ iPhone 13 မိသားစုအတွက် ပြန်လည်ပြုပြင်ထား၊ မွမ်းမံပြင်ဆင်ထားတဲ့ Face ID တည်ဆောက်မှုကို စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကိုပိုပြီး မီးမောင်းထိုးပြထားတာက ဝန်ထမ်းတွေကို ပေးထားတဲ့ iPhone 12 အတွက် Special case တွေပါပဲ။

ပေါ်ထွက်လာတဲ့ဓါတ်ပုံအရ iPhone 12 ရဲ့ထိပ်ပိုင်းမှာ မျိုးဆက်သစ် Face ID array ပါဝင်နေတာကို တွေ့ရပါတယ်။ Case ဟာ ဝန်ထမ်းရဲ့ iPhone 12 နဲ့ချိတ်ဆက်ပြီးတာနဲ့ အပေါ်က Face ID arry သစ်က အလုပ်လုပ်တော့မှာလည်း ဖြစ်ပါတယ်။ Apple ဟာ ဒီစမ်းသပ်မှုကို ပြည်တွင်းမှာပဲ ပြုလုပ်နေတယ်လို့သိရပါတယ်။ ရွေးချယ်ထားတဲ့ဝန်ထမ်းတွေကို မထုတ်ရသေးတဲ့ iPhone 13 ပေးမဲ့အစား အခုလို Case နဲ့စမ်းသပ်ဖို့ ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ iPhone 13 Face ID ဟာ ဝန်ထမ်းတွေကို သူတို့ရဲ့ ရှင်းလင်းပြတ်သားတဲ့ မျက်နှာနဲ့ Register လုပ်ဖို့ တောင်းဆိုပေမဲ့၊ နောက်ပိုင်းမှာတော့ ဝန်ထမ်းတွေက Mask တွေတပ်ထားပြီး၊ မျက်မှန်အကာတွေတပ်ထားပြီး Unlock လုပ်ဖို့ ကြိုးစားကြည့်ကြပါတယ်။ စမ်းသပ်မှုတွေအရ ကုမ္ပဏီက သူတို့ရဲ့စနစ်ကို Mask နဲ့ မျက်မှန်အကာတပ်ဆင်ထားလည်း အလုပ်လုပ်စေဖို့ ရည်ရွယ်ထားပုံရကြောင်း တွေ့လာရပါတယ်။

အချို့စမ်းသပ်မှုတွေမှာ Mask တစ်မျိုးတည်းတပ်ထားပေမဲ့၊ အချို့စမ်းသပ်မှုတွေမှာတော့ Mask ရော Glasses (ပုံမှန်အားဖြင့် သိပ်မကြည်လင်တဲ့အကာ) ပါ တပ်ဆင်ခဲ့တယ်လို့ သိရပါတယ်။ ဒီလိုစမ်းသပ်မှုကို Indoor ရော Outdoor ပါ ထဲထဲဝင်ဝင် ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် iPhone 13 မိသားစုအနေနဲ့ Mask တပ်ထားပေမဲ့ Apple Watch မလိုဘဲ Authenticate ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Ref: GSM Arena