Apple ဟာ iPhone 12 Series ကို ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ထားပြီးတော့ လက်ရှိအချိန်မှာဆိုရင် ရောင်းအားအကောင်းဆုံးဖုန်းတွေအဖြစ်ရပ်တည်နေပြီဖြစ်ပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာလည်း iPhone 13 Series ကို မိတ်ဆက်ဦးမှာဖြစ်ပြီး ပြောင်းလဲမှုတစ်ခုကို မြင်တွေ့ရလာနိုင်တယ်လို့ Bloomberg ကနေ ဖော်ပြခဲ့ပါတယ်။

ဒါကတော့ iPhone 13 မှာ In-Display Fingerprint နည်းပညာကို စတင်အသုံးပြုလာမယ်လို့ သတင်းတွေထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ Apple ဟာ iPhone X ထဲကနေ အခုအချိန်အထိ Face ID ကိုပဲ သုံးစွဲလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ Touch ID Fingerprint Sensor ပါဝင်တဲ့ဖုန်းဆိုလို့ iPhone SE (2020) Model ပဲရှိပါတယ်။

အခုလိုမျိုး iPhone 13 မှာ In-Display Fingerprint Sensor ကို ထည့်သွင်းဖို့ စဥ်းစားနေတာက အခုလိုမျိုး COVID-19 ဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့အချိန်မှာ Mask တွေကို တပ်ဆင်ရတဲ့အတွက် Face ID က အသုံးမဝင်ဖြစ်နေတာကြောင့်လို့ သိရပါတယ်။ တကယ်လို့ In-Display Fingerprint Sensor ကို ထည့်သွင်းလာမယ်ဆိုရင်လည်း Face ID စနစ်ကို ဖြုတ်မှာမဟုတ်ဘူးလို့ သိရတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ ၂ မျိုးစလုံးသုံးစွဲနိုင်ဖွယ်ရှိနေပါတယ်။

နောက်ထပ်လည်း Apple ကနေ Foldable iPhone တွေကို စတင်စမ်းသပ်နေတယ်ဆိုတဲ့ သတင်းက ထွက်ရှိလာခဲ့ပါတယ်။ လောလောဆယ် စမ်းသပ်နေတဲ့ Foldable iPhone ဟာ Display ကို ဖြန့်လိုက်တဲ့အချိန်မှာ 6.7″ ရှိမှာဖြစ်ပြီး Samsung Galaxy Z Fold2 နဲ့ ဆင်တူတယ်လို့ သိရပါတယ်။ ဒါပေမယ့် Design ပိုင်းသေချာအတည်ပြုနိုင်တဲ့ Prototype Device ထုတ်လုပ်နိုင်တဲ့အဆင့်တောင် မရောက်ရှိသေးတဲ့အတွက် မိတ်ဆက်နိုင်ဖို့ကတော့ အချိန်လိုအပ်ဦးမှာပါ။

Ref – GSM Arena