iPhone 14 Series ရဲ့ အဓိက လုပ်ဆောင်ချက် ၁ ခုက SOS Emergency System ဖြစ်ပြီး SOS က ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုကာ အရေးပေါ် အကူအညီပေးတဲ့ အဖွဲ့အစည်းတွေကို ဆက်သွယ်နိုင်ပါတယ်။ အခုတော့ SOS က လူ ၂ ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

iPhone 14

ဒီဖြစ်ရပ်ဟာ ဒီလ ၁၆ ရက်နေ့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားက Montrose Canyon မှာ ဖြစ်ပွားခဲ့တာပါ။ လူငယ် ၂ ယောက်ဟာ ကားကို ထိန်းချုပ်လို့ မရတော့ဘဲ ချောက်ထဲကျသွားခဲ့ပြီး Montrose က ကယ်ဆယ်ရေး အဖွဲ့ထံ ဖုန်းက ဆက်သွယ်ခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့က ချောက်ထဲကျသွားတဲ့ သူတို့ကို ရုပ်ရှင်ထဲကလို ဟယ်လီကော်ပတာနဲ့ ကယ်ဆယ်ခဲ့ရပါတယ်။

အဲဒီ လူငယ် ၂ ယောက်ရဲ့ iPhone 14 Car Crash System ဟာ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုကာ ကယ်ဆယ်ရေး အဖွဲ့တွေဆီ ဆက်သွယ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာ ကျေးဇူးကြောင့် လူငယ် ၂ ယောက်ဟာ အသက်ချမ်းသာရာရသွားခဲ့ပါတယ်။

iPhone 14 ရဲ့ Car Crash System နဲ့ SOS ဟာ လူ့အသက်တွေကို ကယ်တင်ပေးနိုင်တဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီ စနစ်ဟာ အားနည်းချက်တွေနဲ့ မကင်းပါဘူး။ အရင်က iPhone 14 ကိုင်ထားတဲ့ လူ ၁ ယောက်ဟာ ရိုလာကိုစတာစီးတာကို Car Crash စနစ်က ကားတိုက်မှု ဖြစ်တယ်လို့ ထင်ပြီး အာဏာပိုင်တွေကို အကြောင်းကြားခဲ့လို့ လှောင်ပြောင်စရာ ဖြစ်ခဲ့ပါတယ်။

ref : gizchina