Apple ရဲ့ နောက်မျိုးဆက် iPhone 14 Series ကို ကြေညာဖို့ ၇ လတောင်လိုသေးပေမယ့် အဲဒီ စမတ်ဖုန်းတွေရဲ့ ဒီဇိုင်း၊ မျက်နှာပြင်နဲ့ ကင်မရာ အပါအဝင် သတင်းအချက်အလက်များစွာ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ အခုလည်း iPhone  14 Pro ရဲ့ RAM ပမာဏ သတင်းအချက်အလက် ပေါက်ကြားလာပါတယ်။

iPhone 14 render featured

ကိုရီးယား ဘလော့ဂါ “yeux1122” က iPhone 14 Pro မှာ 8GB RAM ပါလာမယ်လို့ သတင်းပေးလာပါတယ်။ iPhone 14 နဲ့ iPhone 14 Max မှာ 6GB RAM နဲ့ 120Hz LTPO မျက်နှာပြင် ထည့်သွင်းထားမယ်လို့ အရင်က သတင်းထွက်ခဲ့တဲ့ အတွက် iPhone 14 Pro မှာ 8GB RAM နဲ့ အဆင့်မြှင့်တင်ပေးထားတာ သဘာဝကျပါတယ်။

Apple iPhone 14 Pro Render

ပေါက်ကြားသတင်းတွေအရ iPhone 14 Pro မှာ 48MP ကင်မရာ ၁ လုံး တပ်ဆင်ထားနိုင်ပြီး ဒီသတင်းသာ တကယ်မှန်မယ်ဆိုရင် ထွက်ခဲ့ဖူးသမျှ iPhone တွေထဲမှာ Pixel Count အမြင့်ဆုံး ဖြစ်လာမှာပါ။ iPhone 14 Series အတွက် eSIM Only မော်ဒယ်တွေ ထုတ်လုပ်ထားမယ်လို့  သတင်းထွက်နေပြီး Portless ဒီဇိုင်း ပိုကောင်းလာမှာ ဖြစ်သလို ရေစိုခံစွမ်းရည် တိုးတက်လာမှာ ဖြစ်ပါတယ်။

လက်ရှိထွက်ထားတဲ့ iPhone တွေရဲ့ Notch ဟာ ကြီးမားပြီး ဒီဇိုင်း မလှပပါဘူး။ iPhone 14 Series ရဲ့ အဓိက ဒီဇိုင်း ပြောင်းလဲမှုက Notch ဖြစ်လာမှာ ဖြစ်ကာ အရွယ်သေး Cutout ၂ ခု ပါလာနိုင်ပါတယ်။ ၁ ခုက သမားရိုးကျ Punch Hole ပုံသဏ္ဍာန် ဖြစ်ပြီး နောက် ၁ ခုက ဆေးတောင့် ပုံသဏ္ဍာန် ဖြစ်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina