ရုရှား−ယူကရိန်း ပဋိပက္ခဖြစ်ပေါ်လာပြီးတဲ့နောက် အမေရိကန်အစိုးရဟာ ရုရှားကို ပြင်းပြင်းထန်ထန် ရှုတ်ချဆန့်ကျင်နေတာပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့ မဟာမိတ်နိုင်ငံတွေဟာ ယူကရိန်းကို ထောက်ပံ့မှုတွေပြုလုပ်နေသလို ရုရှားကိုလည်း ပိတ်ဆို့မှုတွေ ပြုလုပ်နေပါတယ်။
ပိတ်ဆို့မှုအစီအစဉ်တွေထဲမှာ အမေရိကန် နည်းပညာကုမ္ပဏီတွေကလည်း ရုရှားကနေထွက်ခွာလာခြင်း ပါဝင်ပါတယ်။ Apple လည်း ရုရှားဈေးကွက်ထဲကနေ နုတ်ထွက်လာပြီးဖြစ်တာကြောင့် ပုံမှန်အတိုင်းဆိုရင်တော့ iPhone အသစ်တွေကို ရုရှားမှာ ဝယ်ယူရရှိနိုင်တယ်လို့ မထင်ရပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် iPhone 14 စီးရီးတွေဟာ ရုရှားဈေးကွက်ထဲကို နည်းမျိုးစုံနဲ့ ရောက်ရှိနေတာလည်း တွေ့ရပါတယ်။ အမှန်တကယ်တမ်းအားဖြင့် ရုရှားဈေးကွက်ထဲမှာ iPhone သစ်တွေရဲ့ ရောင်းအားဟာ အရင်ကထက် ပိုများနေတာလည်း ဖြစ်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် iPhone သစ်တွေဟာ ရုရှားဈေးကွက်ထဲမှာ ရောင်းချရုံသာမကဘဲ လည်ပတ်ဖို့အထိ လုံလောက်တဲ့ အလုံးရေရှိနေတာကို သိနိုင်ပါတယ်။
Apple ကတော့ ရုရှားဈေးကွက်ထဲမှာ သူ့ရဲ့အရောင်းပြခန်းတွေဖွင့်လှစ်ပြီး iPhone သစ်တွေကို ရောင်းချနေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်လီဆိုင်တွေက ဒီအရောင်းအဝယ်ကို ပြုလုပ်နေကြပါတယ်။ ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက်အရ iPhone 14 ကို ရုရှားဈေးကွက်မှာ Pre-sale နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
ကာလတူအချက်အလက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် iPhone 14 ရဲ့ Pre-sale ရောင်းချမှုဟာ ၁၅၀% အထိ တိုးတက်လာတာကို တွေ့မြင်ရပါတယ်။ ဒါဟာ အတော်လေးကို ကောင်းမွန်တဲ့ ရလဒ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ iPhone သစ်တွေဟာ ဈေးမသက်သာဘူးဆိုပေမဲ့ iPhone 14 pre-sale အတွက် ပထမပတ်အတွင်း ရုရှားမှာစီစဉ်ထားတဲ့ ဝန်ဆောင်မှုအရေအတွက်ဟာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂.၅ ဆ တိုးလာတယ်လို့ သိရပါတယ်။
ကြိုတင်ငွေပေးချေမှုတွေရဲ့ ၇၀% ကျော်ဟာ iPhone 14 Pro နဲ့ Pro Max ဗားရှင်းတွေအတွက်ဖြစ်တယ်လို့ ရုရှားရဲ့ အကြီးဆုံး မိုလ်ဘိုင်းအော်ပရေတာဖြစ်တဲ့ MTS က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားဈေးကွက်ထဲ လူကြိုက်အနည်းဆုံးမော်ဒယ်က iPhone 14 128GB ဗားရှင်းဖြစ်တယ်လို့လည်း MTS က ဆိုပါတယ်။
Ref: Gizchina