အရင်ပေါက်ကြားခဲ့တဲ့သတင်းအရ Apple ဟာ iPhone 14 Series အတွက် OLED မျက်နှာပြင်တွေကို BOE ဆီကနေ ဝယ်ယူမှာ မဟုတ်ဘူးလို့ သိခဲ့ရပါတယ်။ ဒါပေမယ့် အခုထွက်လာတဲ့ သတင်းအသစ်အရ Apple ဟာ iPhone 14 Series အတွက် OLED မျက်နှာပြင်တွေကို BOE, Samsung နဲ့ LG တို့ဆီကနေ ဝယ်ယူမယ်လို့ သိရပါတယ်။ iPhone 13 Series တုန်းကလည်း OLED တွေကို အဲဒီ ကုမ္ပဏီ ၃ ခုဆီကနေ ဝယ်ယူခဲ့တာပါ။

iPhone 14 Pro Max Renders

ဈေးကွက် သုတေသန အေဂျင်စီ Omdia က ဒီသတင်းကို မျှဝေလိုက်တာ ဖြစ်ပြီး iPhone 14 Series မှာ BOE, Samsung နဲ့ LG တို့ရဲ့ LTPS နဲ့ LTPO OLED တွေကို တပ်ဆင်ထားမယ်လို့ ပြောပါတယ်။

omdia iphone 14 series

Samsung က iPhone 14, iPhone 14 Plus, iPhone 14 Pro, iPhone 14 Pro Max နဲ့ iPhone 13  အတွက် မျက်နှာပြင်တွေကို ထောက်ပံ့ပေးမှာ ဖြစ်ပြီး ဒီနှစ် Apple အတွက် OLED အများဆုံး ထုတ်လုပ်ပေးမယ့် ကုမ္ပဏီ ဖြစ်မယ်လို့ သိရပါတယ်။

LG ကတော့ iPhone 13 , iPhone 14 , iPhone 14 Pro Max နဲ့ BOE က iPhone 13 , iPhone 14 အတွက် OLED တွေ ထုတ်လုပ်ပေးမှာပါ။

Omdia က iPhone 14 Series ရဲ့ မျက်နှာပြင် သတင်းအချက်အလက်တချို့ကိုလည်း မျှဝေလိုက်ပါတယ်။ iPhone 14 နဲ့ 14 Plus မှာ LTPS OLED ကို တပ်ဆင်ထားမှာ ဖြစ်တဲ့အတွက် iPhone 14 ဟာ အရင်မျိုးဆက်ထက် ပိုမြင့်တဲ့ Refresh Rate ပါလာမှာပါ။ ဒါပေမယ့် Refresh Rate ဟာ LTPO တွေမှာလို Variable မဖြစ်နိုင်ပါဘူး။ ဒီဇိုင်းပိုင်းမှာ iPhone 14 နဲ့ 14 Plus ဟာ iPhone 13 Series မှာလို Notch နဲ့ထွက်လာမှာပါ။

iPhone 14 Pro နဲ့ 14 Pro Max မှာ LTPO OLED ကို သုံးထားမှာ ဖြစ်ပြီး iPhone 13 Pro , 13 Pro Max တို့လိုပဲ ဖြစ်မှာပါ။ ဒါပေမယ့် အဓိက ကွာခြားချက်က Apple ဟာ ဆဲလ်ဖီး ကင်မရာနဲ့ Face ID Module အတွက် Notch အစား Cutout ၂ ခုကို သုံးထားမှာပါ။

ref : gizmochina