iPhone 14 စီးရီးရဲ့ CAD-base render တွေလည်း ထွက်ခဲ့ပြီးပါပြီ။ အခုအချိန်က iPhone 14 တွေကို စတင်ထုတ်လုပ်မဲ့အချိန်နဲ့ နီးကပ်လာပြီဖြစ်တဲ့အတွက် Metal molds တွေလည်း မြင်တွေ့နေရတဲ့ အချိန်ဖြစ်ပါတယ်။ Apple ဟာ သူ့ရဲ့ iPhone 14 စီးရီးမှာ အရွယ်အစားကို သုံးမျိုးကနေ ၂ မျိုးအထိ လျှော့ချသွားမယ်ဆိုတဲ့အကြောင်း Weibo မှာ ပျံ့နှံ့နေခဲ့တာလည်း ဖြစ်ပါတယ်။

iPhone 14 တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာအချက်တစ်ခုက iPhone 14 regular ဟာ 6.1-inch အရွယ်အစားရှိပြီး iPone 14 Max ကတော့ 6.7-inch အရွယ်အစား ရှိမယ်ဆိုတဲ့ သတင်းပါပဲ။ ဒီ အရွယ်အစားတွေဟာ Mold ပေါ်မှာ လက်ရေးနဲ့ရေးထားတာဖြစ်ပြီး တရားဝင်ထုတ်ပြန်ထားတာမဟုတ်ပေမဲ့ ရာနှုန်းပြည့်နီးပါး မှန်ကန်မှုရှိတယ်လို့တော့ ဆိုနိုင်ပါတယ်။

ပုံမှာမြင်တွေ့ရတဲ့အတိုင်းဆိုရင် Mini ထွက်တာကို အတည်ပြုနိုင်ပါပြီ။ Pro မဟုတ်တဲ့ Max လည်း ပါဝင်ပါတယ်။ အစဉ်အလာအတိုင်း Pro မော်ဒယ်တွေမှာပဲ နောက်ကျောမှာ တတိယကင်မရာ telephoto module ရှိမှာပါ။ ဒါကြောင့် iPhone 14 မော်ဒယ်တွေမှာ telephoto ကင်မရာတွေ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဆင့်မြှင့်တင်ထားတဲ့ ပင်မကင်မရာကို 48MP sensor အသုံးပြုထားတယ်လို့ သိရပါတယ်။

ပင်မကင်မရာနဲ့အတူ 8K ဗီဒီယိုရိုက်ကူးမှုကို ပြုလုပ်နိုင်ပြီး ပိုမိုကောင်းမွန်တဲ့ Digital Zoom ကိုလည်း ရမယ်လို့ သိရပါတယ်။ Apple သုတေသီ Ming-Chi Kuo ကတော့ Pro မော်ဒယ်တွေပဲ Sensor အသစ်ကိုရရှိမယ်လို့ ဆိုပါတယ်။ ဒါကို မမေ့သင့်ပါဘူး။ Pro မော်ဒယ်နှစ်ခုရဲ့ Camera bump တွေက iPhone 13 Pro နှစ်ခုထက် ပိုကြီး၊ ပိုထူမယ်လို့ မျှော်လင့်ရပြီး ဒါဟာ Hardware သစ်နဲ့ လိုက်လျောညီထွေရှိမယ်လို့ ထင်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ကောလာဟလတွေမှာ Apple A15 chipset ကိုအသုံးပြုမယ်လို့ ဆိုခဲ့ကြပေမဲ့ Pro မော်ဒယ်တွေကတော့ A16 ရရှိမယ်လို့ သိရပါတယ်။ ဒီ Chip အသစ်ဟာ 8K ဗီဒီယိုရိုက်ကူးမှုကိုကိုင်တွယ်နိုင်တဲ့ အပိုလုပ်ဆောင်နိုင်စွမ်းကို ယူဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။ iPhone 14 နဲ့ 14 Max တွေကို Notch နဲ့ မြင်တွေ့ရပြီး iPhone 14 Pro နဲ့ 14 Pro Max တွေကိုတော့ Dual Punch hole ဒီဇိုင်းနဲ့ မြင်တွေ့ရဖွယ်ရှိနေတာလည်း ဖြစ်ပါတယ်။

Ref: GSM Arena