Apple က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ iPhone 15 Series ကို ကြေညာခဲ့ပါတယ်။ အခုတော့ ဒူဘိုင်း အခြေစိုက် Caviar က ရွှေနဲ့ အလှဆင်ထားတဲ့ iPhone 15 Pro မော်ဒယ်တွေကို ရောင်းချလိုက်ပြီး ကုမ္ပဏီက Ultra Gold လို့ အမည်ပေးထားပါတယ်။

Caviar announces iPhone 15 Pro series with 18k gold chassis, costs more  than $8k - GSMArena.com news

iPhone 15 Pro Ultra ဟာ ဒေါ်လာ ၈,၈၉၀ ကစပြီး ဒေါ်လာ ၉,၈၉၀ အထိ တန်ကြေး ရှိပါတယ်။ iPhone 15 Pro Max Ultra Gold က ဒေါ်လာ ၉,၆၇၀ က စပြီး ဒေါ်လာ ၁၀,၃၉၀ အထိ တန်ကြေး ရှိပါတယ်။ Ultra Gold မော်ဒယ်တွေမှာ ၁၈ ကာရက်ရွှေနဲ့ အလှဆင်ထားပြီး Apple Logo ကို ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားပါတယ်။

Caviar announces iPhone 15 Pro series with 18k gold chassis, costs more than $8k

Caviar က iPhone 15 Pro နဲ့ 15 Pro Max အတွက် Ultra Black Version ကိုလည်း မိတ်ဆက်လိုက်ပါတယ်။ iPhone 15 Pro Ultra Black က ဒေါ်လာ ၈,၀၆၀ ကစပြီး ဒေါ်လာ ၉,၀၆၀ အထိ သတ်မှတ်ထားပါတယ်။ iPhone  15 Pro Max Ultra Black က ဒေါ်လာ ၈,၈၄၀ ကစပြီး ဒေါ်လာ ၉,၅၆၀ အထိ တန်ကြေး ရှိပါတယ်။ Ultra Black မော်ဒယ်တွေမှာလည်း Apple Logo ကို ၂၄ ကာရက် ရွှေနဲ့ အလှဆင်ထားပါတယ်။

Caviar announces iPhone 15 Pro series with 18k gold chassis, costs more than $8k

Caviar က iPhone 15 Pro နဲ့ 15 Pro Max အတွက် Titan Black , Starry Night  နဲ့ Dark Red Version တွေကိုလည်း ကြေညာလိုက်ပါတယ်။

Caviar announces iPhone 15 Pro series with 18k gold chassis, costs more than $8k

Caviar က အဲဒီ iPhone 15 Pro နဲ့ 15 Pro Max မော်ဒယ် တစ်လုံးချင်းစီအတွက် ၉၉ လုံးပဲ ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena