Apple က iPhone 16 Series ကို ကြေညာလိုက်ပြီး iPhone 16 နဲ့ 16 Plus ပါလာပါတယ်။ ဒီနှစ်ထုတ် iPhone တွေမှာ Apple Intelligence ကို အဓိက ထည့်သွင်းထားပါတယ်။

iPhone 16 နဲ့ 16 Plus ရဲ့ အဓိက ပြောင်းလဲမှုက ဒီဇိုင်းဖြစ်ပါတယ်။ Apple က စတုရန်းပုံ ကင်မရာ Island ကို ဖယ်ရှားထားပြီး ဆေးတောင့်ပုံ ကင်မရာ Module ကို အသုံးပြုထားပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး ကင်မရာ ခလုတ် ၁ ခု ထည့်သွင်းထားပါတယ်။

iPhone 16 နဲ့ 16 Plus မှာ 6.1” နဲ့ 6.7” OLED Display တပ်ဆင်ထားပြီး Dynamic Island နဲ့ 2,000 Nits Peak Brightness ထောက်ပံ့ထားပါတယ်။

48MP Main (2x Telephoto) , 12MP Ultra Wide Angle ကင်မရာတွေ တပ်ဆင်ထားပြီး ဒုတိယကင်မရာက Macro ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ အရင်က Pro မော်ဒယ်တွေမှာပဲရတဲ့ Spatial Photo နဲ့ Video ရိုက်ကူးနိုင်ပါတယ်။ ကင်မရာ ခလုတ်ဟာ DSLR Shutter Button လို အလုပ်လုပ်ပါတယ်။ ခလုတ်ကို အနည်းငယ်ဖိထားရင် Subject ကို Focus လုပ်ပေးမှာ ဖြစ်ပြီး ဖိထားရင် ဓါတ်ပုံရိုက်ပေးပါတယ်။ အဲဒီခလုတ်ဟာ ဖိအား အာရုံခံနိုင်ပြီး ပွတ်ဆွဲလိုက်ရင် Zoom လို Settings တွေကို ချိန်ညှိနိုင်ပါတယ်။

iPhone 16 နဲ့ 16 Plus မှာ A18 Chip မောင်းနှင်ထားပြီး 8GB RAM နဲ့ 512GB Storage ပါပါတယ်။ Apple Intelligence Features တွေကို နောက်လမှာ ထည့်သွင်းပေးမှာပါ။ ဂိမ်းကစားရင် အပူချိန် လျှော့ချပေးဖို့ Thermal Sheet ထည့်သွင်းထားပါတယ်။ Apple က Battery သက်တမ်း အလွန်ကောင်းလာတယ်လို့ ပြောပေမယ့် Battery ပမာဏကို မပြောပါဘူး။

iPhone 16 နဲ့ 16 Plus မှာ ဂြိုလ်တု ဆက်သွယ်ရေးကို အသုံးပြုနိုင်ပြီး USB-C Port ၊ WiFi 7 နဲ့ MagSafe Charging ပါပါတယ်။

တန်ဖိုးအနည်းဆုံး မော်ဒယ်အနေနဲ့ iPhone 16 ဟာ ၇၉၉ ဒေါ်လာနဲ့ 16 Plus ဟာ ၈၉၉ ဒေါ်လာ ဖြစ်ပါတယ်။ အဲဒီ မော်ဒယ်တွေမှာ 128GB Storage ထည့်သွင်းထားပါတယ်။ ဒီလ ၁၃ ရက်နေ့ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး ၂၀ ရက်နေ့ ရောင်းမှာပါ။

Ref : gizmochina