iPhone 16 Pro Max ရဲ့ နမူနာ မော်ဒယ် ၃ လုံးရဲ့ ဓါတ်ပုံတွေ ဒီလ အစောပိုင်းက ထွက်ပေါ်လာခဲ့ပြီး အရောင် တစ်ရောင် ပျောက်ဆုံးနေပါတယ်။ အခုတော့ ဓါတ်ပုံ အသစ်တွေ ထပ်မံထွက်ပေါ်လာပါတယ်။ iPhone  16 Pro Max ရဲ့ နမူနာ မော်ဒယ် ၄ လုံးကို တွေ့မြင်ရပြီး အရောင် ၄ ရောင် ဖြစ်ပါတယ်။

iPhone 16 Pro Max dummies leak again, this time showing the mysterious fourth color

Black , White နဲ့ Natural အရောင်တွေအပြင် Apple ဟာ ဒီနှစ်မှာ iPhone 15 Pro နဲ့ Pro Max ရဲ့ Blue အရောင်အစား Bronze နဲ့ တူတဲ့ အရောင်ကို ထုတ်လုပ်ထားမှာ ဖြစ်ပါတယ်။ Brown လို့ပဲ ပြောရမလား Copper နဲ့ တူတယ်လို့ ပြောရမလား မသဲကွဲပါဘူး။

iPhone 16 Pro Leaked Renders Suggest New Design With Capture Button | Technology News

စတုတ္ထအရောင်ဟာ လူကြိုက်များမလား ဆိုတာ မပြောနိုင်သေးပေမယ့် ထူးခြားကွဲပြားတာတော့ သေချာပါတယ်။

အဲဒီ ဓါတ်ပုံမှာ ပါတဲ့ Lighting ဟာ အကောင်းဆုံး အနေအထား မဟုတ်တဲ့အတွက် တကယ့် အရောင်ဟာ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ နမူနာ ဖုန်း မော်ဒယ်တွေ ဖြစ်တဲ့အတွက်လည်း တကယ့် ဖိုင်နယ် မော်ဒယ်တွေနဲ့ ကွဲပြားနိုင်ပါတယ်။

Apple ဟာ နောက်လ စက်တင်ဘာမှာ iPhone 16 Series ကို ကြေညာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲဟာ တော်တော် နီးနေပါပြီ။

Ref : gsmarena