iPhone 15 Series တောင် မထွက်လာသေးပေမယ့် iPhone 16 Series ရဲ့ သတင်းတွေ စတင် ထွက်ပေါ်လာပါပြီ။ ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ ကြေညာနိုင်တဲ့ iPhone 16 Pro Max မှာ ထူးခြားတဲ့လုပ်ဆောင်ချက်ပါလာမယ်လို့ Leakster Digital Chat Station က ပြောပါတယ်။

iPhone 16 Pro Max to have "Super Telephoto" periscope camera - GSMArena.com news

သူက iPhone 16 Pro Max မှာ Super Telephoto Periscope Zoom ကင်မရာ တပ်ဆင်ထားမယ်လို့ ပြောပါတယ်။ Focal Length က 300mm ကျော်ရှိပြီး ထူးခြားပြောင်မြောက်တဲ့ အင်ဂျင်နီယာ နည်းပညာ ဖြစ်ပါတယ်။ လက်ရှိ iPhone 14 Pro Max မှာ 77mm ပဲရှိပြီး Periscope မဟုတ်ဘဲ Zoom ကင်မရာပဲ ဖြစ်ပါတယ်။

ဒီစက်တင်ဘာလမှာ ထွက်မယ့် iPhone 15 Pro Max ဟာ iPhone မှာ Periscope ကို စတင် မိတ်ဆက်မယ်လို့ သတင်းထွက်နေပြီး နောက်နှစ်ထွက်မယ့် iPhone 16 Pro မှာလည်း Periscope ပါလာမှာပါ။ ဒါပေမယ့် Super Telephoto မဟုတ်ပါဘူး။ ထင်ရတာက iPhone 16 Pro မှာ iPhone 15 Pro Max ရဲ့ Periscope နဲ့ iPhone 16 Pro Max မှာ ပိုအဆင့်မြင့်တဲ့ စနစ် ပါလာမှာပါ။

iPhone 16 Pro Max camera tipped to get Ultra Telephoto lens, could surpass Android flagships

Super Telephoto ကင်မရာတွေကို အားကစား ပြိုင်ပွဲတွေနဲ့ တောရိုင်း တိရိစ္ဆာန်တွေ ရိုက်ကူးရာမှာ သုံးကြပြီး Portrait တွေ အလွန်ကောင်းပါတယ်။ Subject နဲ့ တော်တော်ဝေးဝေးကနေ ရိုက်ကူးနိုင်ပါတယ်။

iPhone 16 Pro Max ရဲ့ ပင်မ ကင်မရာမှာ iPhone 14 Pro Max (1/1.28”) ထက် ၁၂ ရာခိုင်နှုန်း ပိုကြီးတဲ့ ဆန်ဆာ(1/1.14”) ပါလာမယ်လို့ သိရပါတယ်။

ref : gsmarena