Apple က iPhone 16e ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး Certification တွေမှာ အဲဒီ ဖုန်းကို တွေ့လာရပါတယ်။

iPhone 16e ဟာ Geekbench ရဲ့ စမ်းသပ်ချက်မှာ Single Core မှာ ၂,၇၀၆ မှတ်နဲ့ Multi Core မှာ ၇,၉၄၂ မှတ်ရထားပါတယ်။ အဲဒီဖုန်းမှာ ပါတဲ့ မွမ်းမံထားတဲ့ A18 Chip ဟာ iPhone 16 နဲ့ နှိုင်းယှဉ်ရင် Single Core စွမ်းဆောင်ရည်ဟာ ၁၇ ရာခိုင်နှုန်း လျော့နည်းပြီး Multi Core ရမှတ်က တူညီပါတယ်။

iPhone 16e on Geekbench

Geekbench ရဲ့ စာရင်းမှာ iPhone 16e မှာ 8GB RAM ထည့်သွင်းထားပြီး Apple Intelligence အတွက် လိုအပ်ချက်နဲ့ ပြည့်မှီပါတယ်။

iPhone 16e appears on Geekbench with 8GB RAM

iPhone 16 Series ရဲ့ နောက်ဆုံး အဖွဲ့ဝင် iPhone 16e ကို တရုတ်က 3C မှာလည်း တွေ့လာရပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က A3410 ဖြစ်ပါတယ်။ အဲဒီမှာ 29W Charging Speed ပါတယ်လို့ ဖော်ပြထားပြီး တခြား iPhone 16 Series တွေနဲ့ တူညီပါတယ်။

Apple ဟာ iPhone SE Series ကို အဆုံးသတ်ပြီး iPhone 16e ကို မကြာခင်က ကြေညာခဲ့ပါတယ်။ အခုတော့ ကြိုတင်မှာယူခွင့်ပြုလိုက်ပြီ ဖြစ်ပြီး မကြာခင်မှာ သုံးစွဲသူတွေရဲ့ လက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

Ref : gsmarena