iPhone 15 Series ထွက်ထားတာ လအနည်းငယ်ပဲ ရှိသေးပေမယ့် iPhone 16 Series ရဲ့ သတင်းအချက်အလက်တွေ စတင် ပေါက်ကြားနေပါပြီ။ အခုတော့ ၂၀၂၅ ခုနှစ်ကျမှ ထွက်မယ့် iPhone 17 Pro Max ရဲ့ သတင်းတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

iPhone 17 Pro Max to have a 48 MP periscope telephoto camera

Apple ရဲ့ Supply Chain နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေအကြောင်း လေ့လာဆန်းစစ်တဲ့ Jeff Pu က iPhone 17 Pro Max မှာ နောက်ထွက်မယ့် Apple Vision Pro Headset နဲ့ တွဲဖက် သုံးရာမှာ ကောင်းမွန်တဲ့ 48MP Periscope Telephoto ကင်မရာ ၁ လုံး ပါလာမယ်လို့ ပြောပါတယ်။

သူက တွဲဖက် သုံးရင် ဘယ်လို အားသာချက်တွေ ရှိမလဲဆိုတာနဲ့ ပတ်သက်ပြီး အသေးစိတ် သတင်းအချက်အလက်တွေကို မပြောပါဘူး။ iPhone 15 Pro နဲ့ iPhone 15 Pro Max တို့ဟာ iOS 17.2 က စတင်ကာ 3D Depth နဲ့ Spatial Video တွေ ရိုက်ကူးနိုင်ပြီး Vision Pro မှာ ကြည့်နိုင်ပါတယ်။

I just tested the iPhone 14 Pro's 48MP ProRAW camera mode — and it blew me away | Tom's Guide

iPhone 16 Pro မှာ 48MP Ultrawide ကင်မရာ ပါလာနိုင်ပြီး iPhone 15 Pro မှာလည်း 48MP Main ကင်မရာ တပ်ဆင်ထားပါတယ်။ အဲဒီအတွက် iPhone 17 Pro Max ဟာ အနောက်ဘက်မှာ 48MP ကင်မရာ ၃ လုံးပါတဲ့ Apple ရဲ့ ပထမဆုံး iPhone ဖြစ်လာနိုင်ပါတယ်။

iPhone 17 Pro Max ကို ကြေညာဖို့ ၂ နှစ်နီးပါးလိုသေးတဲ့အတွက် အခု သတင်းအချက်အလက်‌တွေဟာ ရာနှုန်းပြည့်မှန်ကန်မယ်လို့ မပြောနိုင်ပါတယ်။ အဲဒီကာလအတွင်း ပြောင်းလဲမှုများစွာ ဖြစ်လာနိုင်ပါတယ်။

ref : gsmarena