ဒီနှစ်ထွက်မှာက iPhone 15 စီးရီးပါ။ ဒါပေမဲ့ မေ့ထားလိုက်ပါ။ နောက်နှစ်ထွက်မဲ့ iPhone 16 စီးရီးလား။ ဒါကိုလည်း စိတ်မဝင်စားပါနဲ့။ ပိုက်ဆံစုထားပါဦး။ ၂၀၂၅ မှာထွက်လာမဲ့ iPhone 17 စီးရီးကိုပဲ စောင့်လိုက်ပါ။ iPhone 17 စီးရီးအကြောင်း ပြောတာ စောလွန်းနေသေးတယ် ထင်ပေမဲ့ မစောပါဘူး။

ဟုတ်ပါတယ်။ iPhone 17 အကြောင်းဆိုတာက အကုန်လုံး ကောလာဟလတွေချည်းပါပဲ။ အခုအချိန်အထိ iPhone 15 အကြောင်းတောင် အကုန်လုံးကို တရားဝင်မသိရသေးပါဘူး။ iPhone 16 အကြောင်းလည်း အသေးစိတ်အချက်အလက်ပေါက်ကြားတာ အခုမှအစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ iPhone 17 ကို စောင့်ပါလို့ ပြောရလောက်တဲ့ အကြောင်းရင်းတွေ ရှိနေပါသေးတယ်။

ကောလာဟလဆိုတော့ အတည်တော့မမှတ်ပါနဲ့ဦး။ Apple ဟာ Qualcomm ကို မှီခိုအားထားရမှုကို လျှော့ချနေပါတယ်။ ဒီကြားထဲမှာတော့ Apple ဟာ Wireless connectivity အတွက် Qualcomm chip တွေကို လိုအပ်နေပါသေးတယ်။ Qualcomm ကလည်း Apple ဆီက ပိုက်ဆံကို ရသလောက် ယူနေဦးမှာပါပဲ။

ယာယီစစ်ပြေငြိမ်းထားတယ်ဆိုပေမဲ့ Apple က 5G cellular connectivity အတွက် Chip developing ကို အလေးအနက်ထားပြီး တွန်းအားပေးလုပ်ကိုင်နေပါတယ်။ In-house Chip ဟာ လာမဲ့နှစ် iPhone SE 4 နဲ့အတူ ပွဲထုတ်လာမယ်လို့ ကောလာဟလထွက်ထားပေမဲ့ နောက်ဆုံးသတင်းအရ Apple ဟာ iPhone SE ကို ရပ်ဆိုင်းလိုက်ပါပြီ။ ဒါကြောင့် Chip အသစ်ဟာ ၂၀၂၅ ခုနှစ်ထုတ် iPhone တွေမှာပဲ ပွဲဦးထွက်အနေနဲ့ ပါဝင်လာမယ်လို့ ထပ်ပြီးသတင်းထွက်လာပြန်တာပါ။

Tipster ရဲ့ အဆိုအရတော့ Apple ရဲ့ ပထမဆုံး In-house wireless chip ဟာ ၂၀၂၅ ထုတ် iPhone 17 စီးရီးနဲ့ ထွက်လာမယ်လို့ သိရပါတယ်။ ကုမ္ပဏီဟာ Cellular chip နဲ့ Wireless ကို ပေါင်းစပ်ဖို့ ကြိုးစားနေတာပါ။ ထုတ်လုပ်မှုကုန်ကျစရိတ်ကြောင့် Apple အတွက် အကျိုးအမြတ်တွေရလာမယ်လို့ ယုံကြည်ရပါတယ်။ 2-in-1 chip တွေဟာ Power-efficient ဖြစ်ပြီး ဘက်ထရီလိုမျိုး အခြားပါဝင်အစိတ်အပိုင်းတွေအတွက်လည်း နေရာပိုရစေပါတယ်။ ဒါကြောင့် iPhone 17 တွေဟာ ပိုပြီး ပါးလွှာလာသလို၊ ပိုပြီးလည်း ပေါ့ပါးလာနိုင်ပါတယ်။ ဒါပေမဲ့ ၂၀၂၅ ခုနှစ်အထိ micro-LED iPhone တွေကို မျှော်လင့်လို့မရနိုင်သေးပါဘူး။

Ref: Gizchina