Apple ဟာ နောက်နှစ်မှာ iPhone Series ကို ပြောင်းလဲမှာ ဖြစ်ပြီး Plus မော်ဒယ်ကို မထုတ်တော့ဘဲ Slim မော်ဒယ်ကို ထုတ်လုပ်မယ်လို့ သတင်းထွက်နေပါတယ်။ iPhone 17 Slim ဟာ ပိုမိုပါးလွှာတာကလွဲပြီး Plus နဲ့ တူမယ်လို့ ထင်ခဲ့ကြပါတယ်။

iPhone 17 Slim to Arrive as Most Expensive iPhone 17 Series Model With  Refreshed Design: Report | Technology News

အခုတော့ iPhone 17 Slim ဟာ တန်ဖိုးအကြီးဆုံး ဖြစ်ပြီး iPhone 17 Pro Max ထက်တောင် ဈေးပိုကြီးမယ်လို့ သတင်းထွက်လာပါတယ်။

iPhone 17 Pro Max will no longer be top-end, iPhone 17 Slim to be the most  expensive model: report

Apple ဟာ ပါးလွှာတဲ့ ဒီဇိုင်းကို ပိုကြိုက်လာပြီး မကြာခင်က ကုမ္ပဏီရဲ့ အပါးလွှာဆုံး Device ဖြစ်တဲ့ 13” iPad Pro ကို ကြေညာခဲ့ပါတယ်။ အခုတော့ iPhone တွေကိုလည်း ပါးလွှာအောင် ပြုလုပ်တော့မှာပါ။

iPhone 17 Slim ရဲ့ ဒီဇိုင်းဟာ iPhone  X နဲ့တူမယ်လို့ သတင်းထွက်နေပါတယ်။ ၂၀၂၅ ခုနှစ်မှာ ကြေညာမှာ ဖြစ်ပြီး ထွက်ဖူးသမျှ iPhone တွေထဲမှာ အပါးလွှာဆုံး ဖြစ်လာမှာပါ။ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားနိုင်ပါတယ်။

Apple က iPhone 17 Slim ရဲ့ ဒီဇိုင်းကို အပြီးမသတ်ရသေးဘဲ တီထွင်ဖန်တီးနေဆဲ ဖြစ်ပါတယ်။ Dynamic Island ဟာ ပိုမိုသေးငယ်လာပြီး အနောက်ကင်မရာ Island ကို အလယ်ကို ပြောင်းရွှေ့ထားနိုင်ပါတယ်။ Display အရွယ်အစားကို မသိရသေးပေမယ့် iPhone 15 Plus ထက် သေးငယ်မယ်လို့ သတင်းထွက်နေပါတယ်။

Apple က Plus မော်ဒယ်ကို မထုတ်လုပ်တော့တာဟာ ရောင်းအား မကောင်းလို့ ဖြစ်ပါတယ်။ Plus ထက် Slim မော်ဒယ်ဟာ လူကြိုက်ပိုများနိုင်တယ်လို့ ကုမ္ပဏီက ခန့်မှန်းထားပါတယ်။

Ref : gsmarena