Apple ကနေ လာမယ့် မတ်လကုန်လောက်မှာ iPhone SE လိုမျိုး ၃၉၉ ဒေါ်လာကနေ စတင်ရောင်းချမယ့် iPhone 9 ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ iPhone 9 လို့ ယူဆရတဲ့ဖုန်းရဲ့ Hands-on Video တစ်ခုပေါက်ကြားလာခဲ့ပါတယ်။

အခု Hands-on Video ဟာ မူရင်း TikTok ကနေ ထွက်ပေါ်လာတာဖြစ်ပြီး iPhone 9 ဖြစ်နိုင်တယ်လို့ ပြောလို့ရပေမယ့် လုံးဝအတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။ Design အရတော့ iPhone 8 နဲ့ တော်တော်လေးကို ဆင်တူပြီး Home Key တဖြစ်လဲ TouchID လည်းပါဝင်မှာဖြစ်ပါတယ်။

အရောင်အနေနဲ့ကတော့ အစိမ်းရောင်နဲ့ထွက်ရှိလာတာဖြစ်ပြီး 3.5mm Headphone Jack ကတော့ ပါဝင်မှာမဟုတ်ပါဘူး။ iPhone 8 လိုမျိုးပဲ Single Camera ကို အသုံးပြုလာမှာဖြစ်ပေမယ့် iPhone 11 Series တွေရဲ့ 12MP Primary Sensor ကိုအသုံးပြုလာမှာပါ။ အဲ့ဒီအတွက် Camera ပိုင်းကတော့ တော်တော်လေးကို ကောင်းမွန်မှာပါ။

Apple iPhone 9 ဟာ လက်ရှိ iPhone 11 Series ဖုန်းတွေရဲ့ A13 Bionic Chip ကို အသုံးပြုလာမှာဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ စျေးနဲ့ယှဥ်ရင် လုံးဝပြိုင်ဘက်မရှိလောက်အောင် ကောင်းမွန်နေမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone SE တုန်းက အောင်မြင်ခဲ့သလိုမျိုး ယခု iPhone 9 ကလည်း အောင်မြင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena