Unicode

ပြီးခဲ့တဲ့လအနည်းငယ်အတွင်းကစလို့ Apple ဟာ ၂၀၂၀ ခုနှစ် မတ်လမှာ ထုတ်ကုန်သစ်တွေကို စောစောစီးစီး မိတ်ဆက်လာမယ် ဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါပွဲမှာ iPhone SE 2 ကို မြင်ရမယ်လို့ သတင်းတွေ ထွက်ထားခဲ့တာပါ။

ဒါပေမယ့် ယနေ့မှာ တရုတ်ဈေးကွက်ကနေ ထွက်ပေါ်လာတဲ့ သတင်းအရတော့ Apple ကုမ္ပဏီက မိတ်ဆက်လာမယ့် Compact အရွယ် စမတ်ဖုန်းအသစ်ဟာ iPhone 9 အမည်နဲ့ ရောက်ရှိလာမယ်လို့ ဆိုနေပါတယ်။ ပိုကြီးတဲ့ Screen နဲ့ အိုင်ဖုန်းအသစ်ကတော့ iPhone 9 Plus အမည်နဲ့ရောက်လာဖို့ မျှော်လင့်ထားပြီး အဆိုပါ ဖုန်းနှစ်လုံးစလုံးကို အတူမိတ်ဆက်လာနိုင်ပါတယ်။

ယနေ့ထွက်လာတဲ့ သတင်းထဲမှာ အိုင်ဖုန်းအသစ်ရဲ့ ဒီဇိုင်းပုံ Render လည်း ပါဝင်ပြီး အဆိုပါပုံတွေထဲမှာ စမတ်ဖုန်းအသစ်ရဲ့ ပုံစံက iPhone 8 နဲ့ အတော်လေး ဆင်တူနေတာကို မြင်တွေ့ရပါတယ်။

iPhone 9 ရဲ့ Render ပုံတွေထဲမှာ 4.7” လက်မအရွယ် Display ကို အနည်းငယ်ထူထဲတဲ့ Bezel ဘောင်တွေနဲ့ တွေ့ရပြီး Aspect Ratio က 16:9 ရှိပါတယ်။ Display အမျိုးအစားကတော့ Liquid Retina LCD Screen ဖြစ်မယ်လို့ ယူဆရပါတယ်။ အပေါ် Bezel မှာတော့ 8MP ဆဲလ်ဖီကင်မရာ ပါဝင်ပြီး အောက်ဘက် Bezel ပေါ်မှာ Touch ID Sensor ပါဝင်ကာ Face ID ထည့်သွင်းလာဖို့ အခွင့်အရေးနည်းပါတယ်။

iPhone 9 အမည်ရ ဖုန်းအသစ်မှာ Apple A13 Bionic ချစ်ပ်ဆက်နဲ့အတူ 3GB RAM မန်မိုရီ သုံးစွဲလာမယ်လို့ ယူဆရပါတယ်။ Storage ပမာဏကတော့ 64GB နဲ့ 128GB နှစ်မျိုး ထွက်လာနိုင်ပြီး တန်ဖိုးက ဒေါ်လာ ၃၉၉ (မြန်မာငွေ ငါးသိန်းရှစ်သောင်းကျော်) ခန့် သတ်မှတ်လာမယ်လို့ ခန့်မှန်းရပါတယ်။

Ref – Playful Droid

Zawgyi

ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းကစလုိ႔ Apple ဟာ ၂၀၂၀ ခုႏွစ္ မတ္လမွာ ထုတ္ကုန္သစ္ေတြကို ေစာေစာစီးစီး မိတ္ဆက္လာမယ္ ဆုိတဲ့ သတင္းထြက္လာခဲ့ပါတယ္။ ဒါ့အျပင္ အဆုိပါပြဲမွာ iPhone SE 2 ကို ျမင္ရမယ္လို႔ သတင္းေတြ ထြက္ထားခဲ့တာပါ။

ဒါေပမယ့္ ယေန႔မွာ တရုတ္ေစ်းကြက္ကေန ထြက္ေပၚလာတဲ့ သတင္းအရေတာ့ Apple ကုမၸဏီက မိတ္ဆက္လာမယ့္ Compact အရြယ္ စမတ္ဖုန္းအသစ္ဟာ iPhone 9 အမည္နဲ႔ ေရာက္ရွိလာမယ္လုိ႔ ဆုိေနပါတယ္။ ပိုႀကီးတဲ့ Screen နဲ႔ အုိင္ဖုန္းအသစ္ကေတာ့ iPhone 9 Plus အမည္နဲ႔ေရာက္လာဖုိ႔ ေမွ်ာ္လင့္ထားၿပီး အဆုိပါ ဖုန္းႏွစ္လုံးစလုံးကို အတူမိတ္ဆက္လာႏုိင္ပါတယ္။

ယေန႔ထြက္လာတဲ့ သတင္းထဲမွာ အုိင္ဖုန္းအသစ္ရဲ႕ ဒီဇုိင္းပုံ Render လည္း ပါဝင္ၿပီး အဆုိပါပုံေတြထဲမွာ စမတ္ဖုန္းအသစ္ရဲ႕ ပုံစံက iPhone 8 နဲ႔ အေတာ္ေလး ဆင္တူေနတာကို ျမင္ေတြ႕ရပါတယ္။

iPhone 9 ရဲ႕ Render ပုံေတြထဲမွာ 4.7” လက္မအရြယ္ Display ကို အနည္းငယ္ထူထဲတဲ့ Bezel ေဘာင္ေတြနဲ႔ ေတြ႕ရၿပီး Aspect Ratio က 16:9 ရွိပါတယ္။ Display အမ်ဳိးအစားကေတာ့ Liquid Retina LCD Screen ျဖစ္မယ္လို႔ ယူဆရပါတယ္။ အေပၚ Bezel မွာေတာ့ 8MP ဆဲလ္ဖီကင္မရာ ပါဝင္ၿပီး ေအာက္ဘက္ Bezel ေပၚမွာ Touch ID Sensor ပါဝင္ကာ Face ID ထည့္သြင္းလာဖုိ႔ အခြင့္အေရးနည္းပါတယ္။

iPhone 9 အမည္ရ ဖုန္းအသစ္မွာ Apple A13 Bionic ခ်စ္ပ္ဆက္နဲ႔အတူ 3GB RAM မန္မုိရီ သုံးစြဲလာမယ္လို႔ ယူဆရပါတယ္။ Storage ပမာဏကေတာ့ 64GB နဲ႔ 128GB ႏွစ္မ်ဳိး ထြက္လာႏုိင္ၿပီး တန္ဖိုးက ေဒၚလာ ၃၉၉ (ျမန္မာေငြ ငါးသိန္းရွစ္ေသာင္းေက်ာ္) ခန္႔ သတ္မွတ္လာမယ္လို႔ ခန္႔မွန္းရပါတယ္။

Ref – Playful Droid