Apple ဟာ iPhone SE 2 တဖြစ်လဲ iPhone 9 ကိုလာမယ့် မတ်လကုန်မှာ မိတ်ဆက်သွားဖို့စီစဥ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုပါ မိတ်ဆက်မယ့်အစီအစဥ်ကို ရွေ့ဆိုင်းထားသလို အခုလည်း နောက်ထပ်သတင်းတစ်ခုထွက်ပေါ်လာပါပြီ။

ဒါကတော့ Apple ကနေ 4.7″ Display နဲ့ iPhone 8 ပုံစံ iPhone 9 အပြင် 5.5″ Display နဲ့ iPhone 8 Plus ပုံစံ iPhone 9 Plus ဆိုပြီးပါ မိတ်ဆက်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် iPhone SE 2 လို့ခေါ်ဆိုဖို့ကတော့ မဖြစ်နိုင်တော့ပါဘူး။ အဆိုပါ iPhone 9 ဖုန်း ၂ လုံးစလုံးဟာ Apple ရဲ့ A13 Bionic Chip ကို အသုံးပြုလာမှာဖြစ်ပါတယ်။

အခုသတင်းကို iOS 14 မှာပါဝင်တဲ့ Code တွေအရလည်း အတည်ပြုနိုင်ခဲ့ပြီး အဆိုပါ iPhone 9 Series ဖုန်းတွေဟာ လက်ရှိရောင်းချနေဆဲဖြစ်တဲ့ iPhone 8 Series ကို အစားထိုးသွားမှာဖြစ်သလို စျေးအသက်သာဆုံး iPhone တွေလည်းဖြစ်လာနိုင်ပါတယ်။ လက်ရှိထွက်ရှိနေတဲ့သတင်းတွေအရတော့ iPhone 9 ဟာ $399 ကနေ စတင်မှာဖြစ်တဲ့ iPhone 9 Plus ဟာ $499 ကနေ စတင်ရောင်းချသွားဖို့များနေပါတယ်။

ဘာပဲဖြစ်ဖြစ် iPhone 8 Series တွေအတိုင်းပဲ Design က ဆင်တူနေဦးမယ်ဆိုပေမယ့် iPhone 9 Plus ရဲ့ Camera Setup ဟာ လက်ရှိ iPhone 11 ရဲ့ Primary Sensor အပြင် Secondary Sensor ကို Ultrawide Sensor သုံးလာမလား၊ iPhone 8 Plus လိုမျိုးပဲ Telephoto Sensor သုံးလာမလားကတော့ မသိရှိရသေးပါဘူး။

Ref – GSM Arena