Unicode

လက်ရှိဈေးကွက်ထဲမှာ ထုတ်လုပ်ရောင်းချနေတဲ့ သက်တမ်းအရင့်ဆုံးစမတ်ဖုန်းက iPhone 8 ပဲဖြစ်ပြီး အမေရိကန် အခြေစိုက် Apple ကုမ္ပဏီဟာ ဒီဟန်းဆက်ကို အခြေခံကာ ပိုပြီးဈေးသက်သာ၊ အရွယ်သေးငယ်တဲ့ စမတ်ဖုန်းတွေ ထုတ်လုပ်ဖို့ ကြိုးစားလာပါတယ်။

အားလုံးသိတဲ့အတိုင်း ၂၀၁၇ – ၁၈ ကာလမှာ iPhone 8 ကို မိတ်ဆက်ခဲ့ပြီးနောက် iPhone 9 အမည်ကို ကျော်ကာ iPhone X (10) ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီ့နောက်မှာလည်း iPhone 11 ဆိုပြီး ဆက်ထုတ်ခဲ့တာပါ။ ဒါပေမယ့် ယခုနှစ် နွေရာသီမှာတော့ iPhone 9 အမည်ကို တကြော့ပြန်လည် အသက်သွင်းလာမှာဖြစ်ပြီး Flagship အဆင့်မဟုတ်ဘဲ Compact အဆင့် ဖုန်းတစ်လုံးအဖြစ် မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးသွားတဲ့ CES 2020 နည်းပညာပြပွဲမှာ နယ်ပယ်စုံက ကုမ္ပဏီတွေ တက်ရောက်ခဲ့ကြပြီး Apple အတွက် Supplier တွေလည်း ပါဝင်ခဲ့ပါတယ်။ ဒီထဲက ဂျပန်အခြေစိုက်ကုမ္ပဏီတစ်ခုက Apple ရဲ့ အသစ်ထွက်လာမယ့် iPhone 9 နဲ့ပတ်သက်ပြီး အချက်အလက် အနည်းငယ်ကို ပြောပြခဲ့တာပါ။

သူတို့ပြောကြားချက်အရတော့ Apple ဟာ သတင်းထွက်ထားသလို iPhone 8 ရဲ့ကိုယ်ထည်ဒီဇိုင်းကို အခြေခံပြီး iPhone 9 အား တည်ဆောက်လာမှာဖြစ်ကြောင်းနဲ့ Screen အကျယ်ကို ချဲ့ထွင်နိုင်ဖို့ Touch ID နဲ့ Button တွေကို ဖယ်ရှားပြီး A13 Bionic ချစ်ပ်ဆက်အသစ်နဲ့အတူ Face ID စနစ်ကို သုံးစွဲလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် iPhone 9 ဟာ ပိုပါးလွှာတဲ့ Bezel တွေနဲ့ ရောက်လာနိုင်ပြီး မူလကိုယ်ထည်ပေါ်မှ Display အရွယ်အစားကို ချဲ့ထွင်ပေးမှာ အမှန်ပါပဲ။ ကြားရတဲ့အချက်အလက်တွေအရတော့ 4.7” လက်မသာ ရှိတဲ့ Display ကနေ 5.4” ထိ ချဲ့ထွင်လာနိုင်မယ်လို့ ဆိုပါတယ်။

Ref – GSM Arena

Zawgyi

လက္ရွိေစ်းကြက္ထဲမွာ ထုတ္လုပ္ေရာင္းခ်ေနတဲ့ သက္တမ္းအရင့္ဆုံးစမတ္ဖုန္းက iPhone 8 ပဲျဖစ္ၿပီး အေမရိကန္ အေျခစိုက္ Apple ကုမၸဏီဟာ ဒီဟန္းဆက္ကို အေျခခံကာ ပုိၿပီးေစ်းသက္သာ၊ အရြယ္ေသးငယ္တဲ့ စမတ္ဖုန္းေတြ ထုတ္လုပ္ဖို႔ ႀကိဳးစားလာပါတယ္။

အားလုံးသိတဲ့အတုိင္း ၂၀၁၇ – ၁၈ ကာလမွာ iPhone 8 ကုိ မိတ္ဆက္ခဲ့ၿပီးေနာက္ iPhone 9 အမည္ကို ေက်ာ္ကာ iPhone X (10) ကို ထုတ္လုပ္ခဲ့ပါတယ္။ အဲဒီ့ေနာက္မွာလည္း iPhone 11 ဆုိၿပီး ဆက္ထုတ္ခဲ့တာပါ။ ဒါေပမယ့္ ယခုႏွစ္ ေႏြရာသီမွာေတာ့ iPhone 9 အမည္ကို တေၾကာ့ျပန္လည္ အသက္သြင္းလာမွာျဖစ္ၿပီး Flagship အဆင့္မဟုတ္ဘဲ Compact အဆင့္ ဖုန္းတစ္လုံးအျဖစ္ မိတ္ဆက္လာမယ္လို႔ ယူဆရပါတယ္။

မၾကာေသးခင္က က်င္းပၿပီးစီးသြားတဲ့ CES 2020 နည္းပညာျပပြဲမွာ နယ္ပယ္စုံက ကုမၸဏီေတြ တက္ေရာက္ခဲ့ၾကၿပီး Apple အတြက္ Supplier ေတြလည္း ပါဝင္ခဲ့ပါတယ္။ ဒီထဲက ဂ်ပန္အေျခစုိက္ကုမၸဏီတစ္ခုက Apple ရဲ႕ အသစ္ထြက္လာမယ့္ iPhone 9 နဲ႔ပတ္သက္ၿပီး အခ်က္အလက္ အနည္းငယ္ကို ေျပာျပခဲ့တာပါ။

သူတုိ႔ေျပာၾကားခ်က္အရေတာ့ Apple ဟာ သတင္းထြက္ထားသလို iPhone 8 ရဲ႕ကိုယ္ထည္ဒီဇုိင္းကို အေျခခံၿပီး iPhone 9 အား တည္ေဆာက္လာမွာျဖစ္ေၾကာင္းနဲ႔ Screen အက်ယ္ကို ခ်ဲ႕ထြင္ႏုိင္ဖို႔ Touch ID နဲ႔ Button ေတြကို ဖယ္ရွားၿပီး A13 Bionic ခ်စ္ပ္ဆက္အသစ္နဲ႔အတူ Face ID စနစ္ကို သုံးစြဲလာမွာျဖစ္တယ္လို႔ ဆုိပါတယ္။

ဒါ့ေၾကာင့္ iPhone 9 ဟာ ပိုပါးလႊာတဲ့ Bezel ေတြနဲ႔ ေရာက္လာႏုိင္ၿပီး မူလကုိယ္ထည္ေပၚမွ Display အရြယ္အစားကို ခ်ဲ႕ထြင္ေပးမွာ အမွန္ပါပဲ။ ၾကားရတဲ့အခ်က္အလက္ေတြအရေတာ့ 4.7” လက္မသာ ရွိတဲ့ Display ကေန 5.4” ထိ ခ်ဲ႕ထြင္လာႏုိင္မယ္လို႔ ဆုိပါတယ္။

Ref – GSM Arena