iOS 14 အတွက် Code ဟာ Apple ထုတ်ကုန်တွေနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်လိုက်သလို ဖြစ်ခဲ့တယ်လို့ 9To5Mac ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဒါကြောင့် iPhone 9 နဲ့ iPad Pro သစ် တို့အပြင် Apple TV (Streaming service မဟုတ်ဘဲ Hardware ပိုင်းသာဖြစ်) နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။

iPhone 9 ကတော့ Touch ID ဆက်ပြီးရှိနေမှာပါ။ Home Button ထဲမှာ Fingerprint Scanner ထည့်သွင်းထားမှာလည်း ဖြစ်ပါတယ်။ ဒီတော့ Apple ရဲ့ Budget iPhone သစ်ဟာ Face ID ကို ပြောင်းလဲမယ်ဆိုတာက ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။

iPhone ဟာ London, New York, Portland, Japan, Beijing နဲ့Shanghai တို့က Express Transit အတွက် ငွေပေးချေတဲ့ ဝန်ဆောင်မှုမျိုး ထောက်ပံ့ထားပါတယ်။ “Express” ရဲ့အဓိပ္ပါယ်က Authentication မလိုအပ်ပါဘူး။ ဒါကြောင့် ဒီလုပ်ဆောင်ချက်ဟာ ID နည်းလမ်းတစ်ခုခုနဲ့ အလုပ်လုပ်တာတော့ သေချာပါတယ်။

iPad Pro မော်ဒယ်သစ်မှာတော့ 3D Time-of-Flight sensor နဲ့ ကျောဘက်ကင်ရာသုံးလုံး ပါဝင်မယ်လို့ သိရပါတယ်။ iPad ရဲ့ ဓာတ်ပုံရိုက်ကူးမှုဆိုင်ရာအရည်အချင်းဟာ နောက်ဆုံးပေါ် iPhone မော်ဒယ်နဲ့ အတူတူပဲလို့ ဆိုပါတယ်။ ToF sensor ဟာ Apple ရဲ့ AR Kit ကို ကောင်းကျိုးပြုပေးမယ်လို့ မျှော်လင့်ရပါတယ်။ (၂၀၂၀ iPhone မော်ဒယ်တွေမှာ ToF sensor တွေပါလာဖွယ်ရှိပါတယ်)

Apple ဟာ လက်ရှိ Siri Remote နေရာမှာအစားထိုးဖို့ Apple TV box အသစ်နဲ့ Remote သစ်တွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ကာယလေ့ကျင့်ခန်း App ဟာ TV box ကို နည်းပြအဖြစ်အသုံးပြုပြီး လေ့ကျင့်ခန်းလုပ်နေချိန်မှာ ဂီတကိုဖွင့်ပေးမယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ခုကတော့ Apple ဟာ Item trackers AirTags ပြုလုပ်နေတာပါ။ Tile trackers တွေနဲ့ဆင်တူပြီး တပ်ဆင်ဖို့လွယ်ကူပြီး ဘက်ထရီလည်း အစားထိုးနိုင်တယ်လို့ သိရပါတယ်။

Ref: GSM Arena