iPhone Fold ရဲ့ ပထမဆုံး CAD ဒီဇိုင်းဓါတ်ပုံတွေ ထွက်ပေါ်လာပြီဖြစ်ပြီး အဲဒီမှာ ထူးခြားတဲ့ အတိုင်းအတာတွေကို တွေ့မြင်ရပါတယ်။ ဒီဓါတ်ပုံတွေဟာ ဖုန်းအိတ် (Case) နဲ့ တခြားဆက်စပ်ပစ္စည်း ထုတ်လုပ်သူတွေအတွက် ရည်ရွယ်ထားတဲ့ ပုံကြမ်းတွေဖြစ်ပြီး စက်ရဲ့ ထူးခြားတဲ့ ဒီဇိုင်းကို ဖော်ပြနေပါတယ်။

အရင်က သတင်းထွက်ထားသလိုပဲ Apple က အတွင်းဘက် မျက်နှာပြင်ကို စတုရန်းပုံစံ မဖြစ်စေချင်ဘဲ ဖုန်းကို ဖွင့်လိုက်ရင် Landscape ပုံစံ ဖြစ်သွားအောင် လုပ်ထားပါတယ်။ ဒါဟာ Developer တွေအနေနဲ့ ပြင်ဆင်စရာမလိုဘဲ iPad App တွေနဲ့ တန်းပြီး အသုံးပြုနိုင်အောင် ရည်ရွယ်တာ ဖြစ်နိုင်ပါတယ်။

iPhone Fold ရဲ့ အတွင်းဘက် ခေါက်လို့ရတဲ့ မျက်နှာပြင်က ၇.၇၆ လက်မရှိပြီး Resolution က 2713×1920 ဖြစ်ပါတယ်။ အပြင်ဘက် မျက်နှာပြင်ကတော့ ၅.၄၉ လက်မ ရှိပြီး Resolution က 1422×2088 ဖြစ်တဲ့အတွက် ထူးခြားတဲ့ Aspect ratio လို့ ပြောလို့ရပါတယ်။ ဖုန်းကို ခေါက်ထားတဲ့အချိန်မှာ 120.6 x 83.8 x 9.6 mm ရှိပြီး ဖွင့်လိုက်ရင်တော့ 120.6 x 167.6 x 4.8 mm ရှိမှာ ဖြစ်ပါတယ်။

iPhone Fold CAD-based render leaks, revealing very unusual dimensions

ကင်မရာပိုင်းမှာတော့ အတွင်းဘက် မျက်နှာပြင်အောက်မှာ မြှုပ်ထားတဲ့ Selfie ကင်မရာ ပါဝင်ပြီး အပြင်ဘက် မျက်နှာပြင်မှာတော့ အပေါက်ဖောက်ထားတဲ့ Hole-punch Selfie ကင်မရာ ပါလာပါတယ်။ ကျောဘက်ကင်မရာ နှစ်လုံးကိုတော့ iPhone Air လိုမျိုး ဘဲဥပုံစံ ဘားတန်းလေးထဲမှာ ထည့်ထားပါတယ်။ iPhone Fold ကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်နိုင်တယ်လို့ ဆိုပေမယ့် ကောလာဟလ သတင်းအများစုကတော့ ၂၀၂၇ အစောပိုင်းလောက်မှ ဈေးကွက်ထဲ ရောက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။

Ref : gsmarena