မကြာခင်ကပဲ အလာစကာ လေကြောင်းလိုင်းရဲ့ Flight 1282 လေယာဉ်ဟာ အမေရိကန် ပေါ့လန်း၊ အော်ရီဂွန် ကနေ အွန်တာရီယို၊ ကယ်လီဖိုးနီးယားကို ပျံသန်းစဉ်မှာ လေယာဉ်ရဲ့ ဘေးဘက်နံရံ ပွင့်ထွက်သွားခဲ့ပါတယ်။ အဲဒီအတွက် လေယာဉ်ထဲမှာ လေဖိအားများခဲ့ပြီး ခရီးသည်တွေရဲ့ ပစ္စည်းတချို့ကို အပေါက်ကနေ စုပ်ယူသွားခဲ့ပါတယ်။
Found an iPhone on the side of the road… Still in airplane mode with half a battery and open to a baggage claim for #AlaskaAirlines ASA1282 Survived a 16,000 foot drop perfectly in tact!
When I called it in, Zoe at @NTSB said it was the SECOND phone to be found. No door yet😅 pic.twitter.com/CObMikpuFd
— Seanathan Bates (@SeanSafyre) January 7, 2024
အဲဒီအထဲမှာ iPhone ၁ လုံး ပါသွားခဲ့ပြီး ဂိမ်းဒီဇိုင်နာနဲ့ ပရိုဂရမ်မာ Seanathan Bates က အဲဒီဖုန်းကို လမ်းဘေး တစ်နေရာမှာ တွေ့ခဲ့ပါတယ်။ အဲဒီဖုန်းမှာ အလာစကာ လေကြောင်းလိုင်းရဲ့ Flight 1282 အတွက် ခရီးဆောင်အိတ် Receipt နဲ့ ပတ်သက်တဲ့ အီးမေး ရရှိထားပါတယ်။
Bates က ဒါဟာ မကြာခင်က ပြဿနာ ဖြစ်ခဲ့တဲ့ အလာစကာ လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်ကနေ ပြုတ်ကျလာတာဆိုတာ သိသွားခဲ့ပြီး အဲဒီ ဖြစ်ရပ်ကို စုံစမ်းနေတဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့ (NTSB) ထံ အဲဒီဖုန်းကို အပ်နှံခဲ့ပါတယ်။
အံ့အားသင့်စရာ ကောင်းတာက အဲဒီ iPhone ဟာ အမြင့် ပေ ၁၆,၀၀၀ ( မီတာ ၅,၀၀၀ နီးပါး) ကနေ ပြုတ်ကျတာတောင် အကောင်းအတိုင်း အသုံးပြုလို့ရနေသေးတာ ဖြစ်ပါတယ်။ အားသွင်းပေါက်ပဲ ပျက်ဆီးသွားပါတယ်။ iPhone ရဲ့ မာကျောကြံ့ခိုင်မှုကတော့ ဩချရလောက်ပါတယ်။
Ref : gsmarena