မကြာခင်ကပဲ အလာစကာ လေကြောင်းလိုင်းရဲ့  Flight 1282 လေယာဉ်ဟာ အမေရိကန် ပေါ့လန်း၊ အော်ရီဂွန် ကနေ အွန်တာရီယို၊ ကယ်လီဖိုးနီးယားကို ပျံသန်းစဉ်မှာ လေယာဉ်ရဲ့ ဘေးဘက်နံရံ ပွင့်ထွက်သွားခဲ့ပါတယ်။ အဲဒီအတွက် လေယာဉ်ထဲမှာ လေဖိအားများခဲ့ပြီး ခရီးသည်တွေရဲ့ ပစ္စည်းတချို့ကို အပေါက်ကနေ စုပ်ယူသွားခဲ့ပါတယ်။

အဲဒီအထဲမှာ iPhone ၁ လုံး ပါသွားခဲ့ပြီး ဂိမ်းဒီဇိုင်နာနဲ့ ပရိုဂရမ်မာ Seanathan Bates က အဲဒီဖုန်းကို လမ်းဘေး တစ်နေရာမှာ တွေ့ခဲ့ပါတယ်။ အဲဒီဖုန်းမှာ အလာစကာ လေကြောင်းလိုင်းရဲ့ Flight 1282 အတွက် ခရီးဆောင်အိတ် Receipt နဲ့ ပတ်သက်တဲ့ အီးမေး ရရှိထားပါတယ်။

Bates က ဒါဟာ မကြာခင်က ပြဿနာ ဖြစ်ခဲ့တဲ့ အလာစကာ လေကြောင်းလိုင်းရဲ့ လေယာဉ်ပေါ်ကနေ ပြုတ်ကျလာတာဆိုတာ သိသွားခဲ့ပြီး အဲဒီ ဖြစ်ရပ်ကို စုံစမ်းနေတဲ့ အမျိုးသား သယ်ယူပို့ဆောင်မှု ဘေးကင်းရေး ဘုတ်အဖွဲ့ (NTSB) ထံ အဲဒီဖုန်းကို အပ်နှံခဲ့ပါတယ်။

iPhone 14 Plus Review: a Big-Screen Phone With Remarkable Battery Life

အံ့အားသင့်စရာ ကောင်းတာက အဲဒီ iPhone ဟာ အမြင့် ပေ ၁၆,၀၀၀ ( မီတာ ၅,၀၀၀ နီးပါး) ကနေ ပြုတ်ကျတာတောင် အကောင်းအတိုင်း အသုံးပြုလို့ရနေသေးတာ ဖြစ်ပါတယ်။ အားသွင်းပေါက်ပဲ ပျက်ဆီးသွားပါတယ်။ iPhone ရဲ့ မာကျောကြံ့ခိုင်မှုကတော့ ဩချရလောက်ပါတယ်။

Ref : gsmarena