Bloomberg ကနေ ဖော်ပြတဲ့သတင်းအရ Apple ဟာ iOS နဲ့ iPad အသုံးပြုသူတွေအနေနဲ့ သူတို့စိတ်ကြိုက် Default app တွေ ရွေးချယ်ခွင့်ပေးဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် Spotify နဲ့ Pandora တို့လို Third-party ဂီတထုတ်လွှင့်ဝန်ဆောင်မှုတွေအတွက်လည်း HomePod ကို ဖွင့်လှစ်လာနိုင်တယ်လို့ သိရပါတယ်။

Bloomberg ဟာ ဒီသတင်းကို အမည်မဖော်လိုတဲ့ ရင်းမြစ်ဆီကနေ ရရှိကြောင်း၊ နီးစပ်တဲ့အနေအထားတစ်ရပ်လည်း ရှိကြောင်းသာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ Apple ဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ တရားဝင်မှတ်ချက်ပေးတာမျိုး မတွေ့ရသေးပါဘူး။

ဖြစ်ပေါ်လာတဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေအရ Apple ဟာ စတင်သုံးစွဲသူတွေကို Third-party web browser နဲ့ Mail app တွေ စိတ်ကြိုက်ရွေးချယ်ခွင့်ပြုဖို့ စဉ်းစားနေကြောင်း သိရပါတယ်။ ဒါဟာ ကုမ္ပဏီကသတ်မှတ်ပေးထားတဲ့ Default app ကိုပဲ ရွေးချယ်ခွင့်မရှိဘဲအသုံးပြုရတာ မနှစ်သက်သူတွေအတွက် သတင်းကောင်းလို့ ဆိုရမှာပါ။

Spotify ကလည်း Apple Store ရဲ့လည်ပတ်မှုနဲ့ပတ်သက်ပြီး anti-competitive practice နဲ့ ပြီးခဲ့တဲ့မတ်လတုန်းက ဥရောပကော်မရှင်ဆီကို တိုင်ကြားခဲ့ပါသေးတယ်။ အမေရိကန်အောက်လွှတ်တော် လက်ဝါးကြီးအုပ်မှုကော်ပိုရေးရှင်းက အမှုကိုကြားနာခဲ့ပြီး Apple ကို မေးခွန်းထုတ် ဖိအားပေးခဲ့ပါတယ်။

ပြောင်းလဲမှုအသစ်ဟာ iOS 14 မှာပါဝင်လာမယ်လို့ ကောလာဟလတွေထွက်ထားပေမယ့် Apple ရဲ့ အတည်ပြုချက်ကိုတော့ စောင့်ဆိုင်းရဦးမှာပါ။

Ref: GSM Arena