ဈေးကြီးတဲ့အတွက် iPhone တွေဟာ အိန္ဒိယမှာ ဘယ်တုန်းကမှ ရောင်းအား စံချိန်မတင်ခဲ့ပါဘူး။ အခုလည်း အိန္ဒိယမှာ iPhone ဈေးတွေ ပိုကြီးသွားတဲ့အတွက် ရောင်းအား ဒီထက်ကျသွားမှာပါ။ အိန္ဒိယ အစိုးရက လက်ရှိချမှတ်ထားတဲ့ တင်သွင်းခွင့် အခွန်နှုန်းထားဖြစ်တဲ့ ၂၀ ရာခိုင်နှုန်းမှာ ၁၀ ရာခိုင်နှုန်း ထပ်ပေါင်းထည့်လိုက်တဲ့အတွက် Apple ဟာ iPhone ဈေးတွေကို တိုးမြှင့်လိုက်ပါတယ်။

ဈေးတိုးမြှင့်လိုက်တဲ့ iPhone တွေမှာ  iPhone 8, iPhone 8 Plus, iPhone 11 Pro နဲ့  iPhone 11 Pro Max တို့ ဖြစ်ပါတယ်။ အိန္ဒိယမှာ ထုတ်လုပ်တဲ့ iPhone 7 နဲ့ iPhone XR တို့ကို ဈေး မတင်ထားသလို iPhone 11 နဲ့ iPad တို့လည်း ဈေးတက်တဲ့ထဲ မပါပါဘူး။

အများဆုံး ဈေးတက်သွားတာက iPhone 8 64GB ဖြစ်ပြီး ၁.၅ ရာခိုင်နှုန်း များသွားပါတယ်။   ၃၉,၉၀၀ ရူပီးကနေ ၄၀,၅၀၀ ရူပီး တက်သွားပြီး မြန်မာငွေ ၇ သိန်း ၈ သောင်းကနေ ၈ သိန်းနီးပါး ဖြစ်သွားပါတယ်။ မတ်လ ၂ ရက်ကစပြီး ဈေးတက်သွားတဲ့ iPhone စာရင်းကို အထက်မှာ လေ့လာနိုင်ပါတယ်။ ဒါဟာ အခွန်နှုန်းထားအလိုက်တက်သွားတဲ့ ဈေးဖြစ်ပြီး Third Party စတိုးတွေကတော့ အဲဒီဈေးထက်ထက် လျှော့ပြီး ရောင်းချနိုင်ပါတယ်။

Ref : gsmarena