တရုတ်နိုင်ငံအတွင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့တဲ့ Jiang Zemin ကွယ်လွန်သွားခဲ့ပါတယ်။ ဒီအတွက် အဆိုပါရက်ပိုင်းအတွင်းမှာ ပြုလုပ်ဖို့ရှိနေတဲ့ စမတ်ဖုန်းမိတ်ဆက်ပွဲတွေကို ဖျက်သိမ်းခဲ့သလို တရုတ် Website အတော်များများလည်း ဝမ်းနည်းမှုကိုပြသတဲ့အနေနဲ့ Black & White ကို ပြောင်းလဲခဲ့ပါတယ်။

အခုလိုမျိုး ဖျက်သိမ်းလိုက်ရတဲ့စမတ်ဖုန်းမိတ်ဆက်ပွဲတွေထဲမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၂ ရက်နေ့မှာ မိတ်ဆက်ဖို့စီစဥ်ထားတဲ့ iQOO 11 နဲ့ iQOO Neo7 SE ဖုန်းတွေလည်းပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ iQOO ကနေ ပြန်လည်မိတ်ဆက်မယ့်အချိန်ကို ကြေညာလိုက်ပါပြီ။

အဆိုပါသတင်းကိုတော့ iQOO Indonesia ရဲ့ Instagram Account မှာ အရင်ဆုံးဖော်ပြခဲ့တာဖြစ်ပြီး iQOO 11 ဖုန်းဟာ လာမယ့် ဒီဇင်ဘာလ ၈ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် iQOO 11 အပြင် iQOO Neo7 SE ဖုန်းကိုလည်း အဆိုပါနေ့မှာပဲ အတူမိတ်ဆက်သွားမယ်လို့ ခန့်မှန်းရပါတယ်။ Instagram Post အပြင် နောက်ထပ် Teaser Video တစ်ခုပါထွက်ရှိလာတဲ့အတွက် ဒီဇင်ဘာလ ၈ ရက်နေ့မှာ မိတ်ဆက်မယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

iQOO 11 ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အစောဆုံးအသုံးပြုလာမယ့် Flagship ဖုန်းတစ်လုံးဖြစ်ပြီး iQOO Neo7 SE ဖုန်းကတော့ MediaTek Dimensity 8200 Chipset ကို အသုံးပြုလာမှာဖြစ်ပါတယ်။ iQOO ကတော့ အချိန်ကို ပြန်လည်သတ်မှတ်ပြီးဖြစ်ပေမယ့် တခြားသော Xiaomi 13 ဖုန်းတွေကတော့ ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို အတိအကျသိရှိရခြင်းမရှိသေးပါဘူး။

Ref – GSM Arena