iQOO 3 5G ကို လာမယ့်တစ်ပတ်မှာ တရားဝင်မိတ်ဆက်မှာဖြစ်တဲ့အတွက် ပြင်ပသတင်းပေါက်ကြားမှုတွေ ပိုပြီးများလာသလို၊ ကုမ္ပဏီဘက်ကထုတ်ပြတဲ့ Teaser တွေကလည်း တစ်ခုပြီးတစ်ခု ထွက်လာတာကို တွေ့နေရပါပြီ။ အခုလည်း iQOO ဟာ သူတို့ရဲ့ထုတ်ကုန်သစ်အတွက် နောက်ထပ် Teaser သစ်ကို ထုတ်လိုက်ပြန်ပါပြီ။

iQOO 3 5G ရဲ့ ဒီတစ်ခါ Teaser က ရုပ်ပုံမဟုတ်တော့ပါဘူး။ Hands-on ဗီဒီယို ဖြစ်နေပါတယ်။ Hands-on ဗီဒီယိုဆိုပေမယ့် iQOO 3 5G ကို ကြည်ကြည်လင်လင်ပြတ်ပြတ်သားသား ပြသထားတာမဟုတ်ပါဘူး။ Device နေရာတွေကိုလိုက်ပြီး Blur ထားတာပါ။ ဒါကြောင့် ကြည့်တော့ကြည့်တယ်၊ မတွေ့ဘူး ဖြစ်ရပါလိမ့်မယ်။

ဒါပေမယ့်လည်း iQOO 3 5G ဘယ်လိုပုံစံရှိလဲဆိုတာ ရှေ့ပိုင်းပေါက်ကြားမှုတွေ၊ Teaser တွေမှာ မြင်တွေ့ခဲ့ကြရပြီးဖြစ်တာကြောင့် ဗီဒီယိုမှာ မမြင်တွေ့ရလည်း ဘာမှမဖြစ်ဘူးလို့ ပြောရမှာပါ။ ဗီဒီယိုရဲ့ နောက်ပိုင်းပြသမှုမှာ iQOO 3 5G ကိုစမ်းသပ်အသုံးပြုပြီး မှတ်ချက်တွေပြန်ပြောထားပေမယ့် တရုတ်ဘာသာစကားနဲ့ဖြစ်တာကြောင့် ဘာပြောမှန်းမသိဖြစ်ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် iQOO 3 5G ဟာ Snapdragon 856 SoC နဲ့လာမှာဖြစ်ပြီး 12GB of RAM ဗားရှင်းလည်း ရှိဦးမယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ Android 10 မောင်းနှင်ထားပြီး 256GB UFS 3.1 storage, 4,400mAh ဘက်ထရီ၊ 55W အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားပါသေးတယ်။ ကျောဘက်ကင်မရာ လေးလုံးမှာ 48MP အဓိကကင်မရာပါဝင်ပြီး 50mm portrait lens လည်း ပါဝင်မယ်လို့ သိရပါတယ်။

Ref: GSM Arena