iQOO 5 ကို ဩဂုတ်လ ၁၇ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Snapdragon 865 SoC ပါလာနိုင်ပါတယ်။ Master Lu Benchmark စာရင်းအရ 8GB RAM ထည့်ထားမယ်ဆိုတာ သိခဲ့ရပြီးပါပြီ။ အခုတော့ အဲဒီ စမတ်ဖုန်းဟာ Geekbench မှာ ထွက်ပေါ်လာပြီ ဖြစ်ပြီး 12GB RAM မော်ဒယ်လည်း ထွက်လာမှာ ဖြစ်ပါတယ်။

iQOO 5 Pro လို့ ထင်ရတဲ့ ဖုန်း ၁ လုံးရဲ့ ဓါတ်ပုံတွေလည်း တရုတ်လူမှုကွန်ရက် ဝီဘိုကနေ ထွက်ပေါ်လာပြီး အဲဒီ ဖုန်းမှာ မျက်နှာပြင်ကွေးနဲ့ ဘယ်ဘက်အထက်နားမှာ Punch Hole ၁ ခု ပါလာမှာ ဖြစ်ပါတယ်။

အနောက်ဘက် ဒီဇိုင်းဟာ Kevlar လို ဖြစ်ပြီး BMW Edition နဲ့ တူနေပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး Periscope ကင်မရာ ၁ လုံး ပါလာမှာပါ။ ဘယ်နဲ့ ညာဘက်ခြမ်းတွေက အပြာရောင် သမ်းနေပါတယ်။

iQOO 5 မှာ 120Hz မျက်နှာပြင်နဲ့ 120W Fast Charging ပါလာနိုင်ပြီး Pro Version မှာလည်း အဲဒီလုပ်ဆောင်ချက်တွေ ထည့်ထားနိုင်ပါတယ်။ iQOO 5 ၂ လုံးရဲ့ Specs အပြည့်အစုံကို ၁၇ ရက်နေ့မှာ တရားဝင် သိရတော့မှာပါ။

ref : gsmarena