စွမ်းရည်မြင့် iQOO 7 ကို တရုတ်မှာ ဒီနေ့ ကြေညာတော့မှာ ဖြစ်ပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ အဓိက Specs တွေ ဝီဘိုကနေ ပေါက်ကြားထွက်ပေါ်လာခဲ့ပါတယ်။ အခုလည်း Digital Chat Station က ကင်မရာ သတင်းအချက်အလက် အသေးစိတ်ကို မျှဝေလိုက်ပါတယ်။

iQOO 7 specs sheet

iQOO 7 မှာ Snapdragon 888 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး LPDDR5 RA နဲ့ UFS 3.1 Storage တွေ ထည့်သွင်းထားမှာပါ။ E3 မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး AnTuTu က စာရင်းအရ 120Hz Refresh Rate ထောက်ပံ့ထားကာ Benchmark ရမှတ်က ၇၅၂,၉၃၅ ဖြစ်ပါတယ်။

iQOO 7 camera details

120W Superfast Charging ပါတဲ့ 4,000mAh ဘက်ထရီ တပ်ဆင်ထားမှာ ဖြစ်ပြီး Wireless Charging မပါတာက ပြိုင်ဖက် စွမ်းရည်မြင့် ဖုန်းတွေထက် အားနည်းနေမှာပါ။ စတီရီယို စပီကာနဲ့ 3D Vibration ပါတဲ့ Dual-linear Motors တွေ ထည့်သွင်းထားပြီး အထူက ၈.၇ မီလီမီတာနဲ့ အလေးချိန်က ၂၀၉ ဂရမ် ရှိမှာပါ။

အရင်က ထွက်ပေါ်ခဲ့တဲ့ iQOO 7 တရားဝင် ဓါတ်ပုံအရ အနောက်ဘက်မှာ ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး အခုထွက်လာတဲ့ သတင်းအရ Sony IMX598 Lens ထည့်သွင်းထားမှာပါ။ တခြား ပေါက်ကြားသတင်းအရ 48MP Main , 13MP Ultrawide , 13MP Portrait ကင်မရာတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Vivo X60 Series က ကင်မရာတွေနဲ့ တူညီနိုင်ပါတယ်။ ဒါပေမယ့် Main ကင်မရာမှာ Micro-gimbal OIS ထောက်ပံ့ထားမှာ မဟုတ်ပါဘူး။ iQOO 7 ကို ၃,၂၉၉ ယွမ်နဲ့ ရောင်းနိုင်ပြီး ၆ သိန်း ၈ သောင်းလောက်ကျသင့်မှာပါ။

Ref : gizmochina