iQOO 7 ကို ဒီ ၁ ပတ် အစောပိုင်းက ကြေညာခဲ့ပြီး တရုတ်မှာ ပထမဆုံး အသုတ် ရောင်းချပေးလိုက်ပါပြီ။ iQOO က ပထမဆုံး အသုတ်မှာ ယွမ် သန်း ၂၀၀ ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဂုဏ်ယူဝင့်ကြွားစွာ ကြေညာလိုက်ပြီး ဒေါ်လာနဲ့တွက်ရင် ၃၀.၉ သန်းလောက်ရှိပါတယ်။

iQOO 7 units worth CNY 200 million sold in first sale, update brings 1000Hz touch sampling rate

iQOO 7 အတွက် 8/128GB နဲ့ 12/256GB Version ၂ မျိုးထုတ်လုပ်ထားပြီး ၃,၇၉၈ ယွမ်နဲ့ ၄,၁၉၈ ယွမ် အသီးသီး သတ်မှတ်ထားကာ မြန်မာငွေ ၇ သိန်း ၈ သောင်းနဲ့ ၈ သိန်း ၆ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။ iQOO က ရောင်းချရတဲ့ အလုံးရေကို မပြောပေမယ့် အခြေခံ မော်ဒယ်ကို လူအများစု ဝယ်ယူတယ်လို့ ထင်ရတဲ့အတွက် အလုံးရေ ၅၀,၀၀၀ ကျော် ရောင်းချရနိုင်ပါတယ်။

iQOO 7 units worth CNY 200 million sold in first sale, update brings 1000Hz touch sampling rate

iQOO 7 မှာ Snapdragon 888 SoC မောင်းနှင်ထားပြီး 48MP ပင်မ အပါအဝင် အနောက်ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။ 4,000mAh ဘက်ထရီ ပါလာပြီး 120W Charging က အရမ်းလန်းပါတယ်။ ၆.၆၂ လက်မ 120Hz FullHD+ AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး iQOO က Software Update မှာ 1000Hz Touch Sampling Rate ထောက်ပံ့ပေးလိုက်ပါတယ်။ ဒါ့အပြင် Update မှာ Bugs တွေ ပြင်ဆင်ပေးထားပြီး 4D Vibration ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။

iQOO 7 အတွက် Black , Blue နဲ့ White ၃ ရောင် ထုတ်လုပ်ထားပြီး နောက် ၁ မျိုးက BMW နဲ့ ပူးပေါင်း ဖန်တီးထားတဲ့ မော်ဒယ် ဖြစ်ပါတယ်။

ref : gsmarena