iQOO က Neo 10R ကို ကြေညာလိုက်ပြီး Snapdragon 8s Gen 3 , 144Hz Display နဲ့ ကြီးမားတဲ့ 6,400mAh Battery ပါလာပါတယ်။
iQOO Neo 10R ကို အိန္ဒိယမှာ ကြေညာလိုက်တာ ဖြစ်ပြီး မတ်လ ၁၈ ရက်နေ့မှာ ရောင်းမှာပါ။ 8/128GB ကို ၂၇,၀၀၀ ရူပီး၊ 8/256GB ကို ၂၉,၀၀၀ ရူပီးနဲ့ 12/256GB ကို ၃၁,၀၀၀ ရူပီး သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၃၁၀ ဒေါ်လာလောက်ကျသင့်မှာပါ။
အဲဒီဖုန်းမှာ 6.78” 1260x2800p AMOLED Display တပ်ဆင်ထားပြီး 144Hz Refresh Rate နဲ့ 480Hz Touch Sampling Rate ပါပါတယ်။ 4,500 Nits Brightness အထိ ထောက်ပံ့ပါတယ်။
Snapdragon 8s Gen 3 Chip မောင်းနှင်ထားပြီး LPDDR5X RAM နဲ့ UFS 4.1 (256GB) , UFS 3.1 (128GB) Storage ပါပါတယ်။ Android 15 အခြေပြု FuntouchOS 15 မောင်းနှင်ထားပါတယ်။ 6,400mAh Battery ပါတဲ့အတွက် ဂိမ်းကစားရင် တော်တော်အသုံးခံပါတယ်။ 80W Charging ကလည်း တော်တော်မြန်ပါတယ်။
ကင်မရာ အကြောင်းပြောရရင် အနောက်ဘက်မှာ 50MP Main, 8MP Ultrawide နဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ တပ်ဆင်ထားပါတယ်။ အရှေ့နဲ့ အနောက်ကင်မရာတွေက 4K Video ရိုက်ကူးနိုင်ပါတယ်။
Ref : gsmarena