iQOO ဟာ အခုနောက်ပိုင်းမှာ စွမ်းဆောင်ရည်မြင့်မားတဲ့ Gaming Phone တွေအပြင် စမတ်ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း India နိုင်ငံစျေးကွက်အတွက် iQOO Neo 7 Pro ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ iQOO Neo 7 Pro ဖုန်းဟာ Qualcomm Snapdragon 8+ Gen 1 Chipset ၊​ 120W Fast Charging တွေကို အဓိကထည့်သွင်းပေးထားပြီး ဒီဇိုင်းပိုင်းမှာ တရုတ်နိုင်ငံအတွင်းမှာ ရောင်းချနေတဲ့ IQOO Neo 7 Racing Edition နဲ့ ဆင်တူမှာဖြစ်ပါတယ်။

iQOO Neo 7 Pro ဖုန်းဟာ Snapdragon 8+ Gen 1 Chipset ကိုပဲ အသုံးပြုထားပေမယ့် Gaming ပိုင်းအတွက် သီးသန့် Gaming Chip ထည့်သွင်းပေးထားတာကြောင့် Chip ၂ မျိုးပါဝင်သလိုဖြစ်နေမှာပါ။

ဒါကြောင့် တချို့ App တွေ၊ Game တွေမှာ 90fps အထိပဲ ကန့်သတ်ထားရင်တောင် 120fps အထိ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ GPU Rendering ပိုင်းအတွက် ပါဝါစားပိုသက်သာစေပြီး ဂိမ်းဆော့နေတဲ့အချိန်မှာ Frame Rate တွေကို ကျဆင်းခြင်းမရှိဘဲ ဆော့ကစားနိုင်မယ်လို့ သိရပါတယ်။

Camera ပိုင်းမှာ 50MP Samsung GN5 Sensor အပြင် 8MP Ultrawide ၊​ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပါတယ်။​ Selfie Camera အတွက်ကတော့ 16MP Sensor ပါဝင်မှာဖြစ်ပါတယ်။

Display ပိုင်းမှာ 6.78″ Full HD+ 120Hz AMOLED Display ကို အသုံးပြုထားပြီး အမြင့်ဆုံး Brightness ကို 1300nits အထိ ထောက်ပံ့ပေးနိုင်မှာပါ။ ဒါ့အပြင် 2160Hz PWM Dimming ၊ HDR10+ Cerified ကိုပါ ရရှိထားပါတယ်။

Battery အနေနဲ့ 5000mAh Battery ကို 120W Fast Charging ထောက်ပံ့ပေးနိုင်တာကြောင့် 0-50% အားသွင်းဖို့ကို အချိန် ၈ မိနစ်ပဲ ကြာမြင့်မှာဖြစ်ပါတယ်။

iQOO Neo 7 Pro ဖုန်းဟာ Internation Version ဖြစ်သွားတဲ့အတွက် Software ပိုင်းမှာ Android 13 ကို အခြေခံထားတဲ့ FuntouchOS 13 ပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းအနေနဲ့ INR 34,999 (မြန်မာငွေ ၁၀ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချမှာဖြစ်ပြီး RAM 8/128GB သို့မဟုတ် RAM 12/256GB ဆိုပြီး ၂ မျိုး ရွေးချယ်နိုင်မှာပါ။​

Ref – GSM Arena