Vivo ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ iQOO ကနေ လာမယ့် ဧပြီလ ၂၃ ရက်နေ့မှာ လက်ရှိမိတ်ဆက်ထားပြီးဖြစ်တဲ့ iQOO 3 ဖုန်းထက်စျေးပိုသက်သာမယ့် iQOO Neo3 5G ဖုန်းကို မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

လက်ရှိသိရှိထားတဲ့သတင်းတွေအရဆိုရင် IQOO Neo3 5G စမတ်ဖုန်းဟာ စျေးအသက်သာဆုံး Snapdragon 865 Processor ပါဝင်တဲ့ 5G ဖုန်းဖြစ်လာမှာဖြစ်ပြီး Redmi K30 Pro 5G ထက်တောင် ပိုပြီး စျေးသက်သာဦးမှာဖြစ်ပါတယ်။ Redmi K30 Pro နဲ့မတူညီတဲ့အချက်ကလည်း Display ပိုင်းမှာ 144Hz Refresh Rate အထိ Support ပြုလုပ်မှာဖြစ်ပါတယ်။

အခုလည်း iQOO ကနေ Neo3 5G ဖုန်းမှာ Dual Stereo Speaker ပါဝင်မှာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Audio ပိုင်းအတွက် Signal-to-Noise Ratio 125dB အထိရှိမယ့် Hi-Fi Chip လည်းပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

iQOO Neo3 5G ဖုန်းဟာ အနည်းဆုံး 8GB RAM နဲ့ 256GB Storage တွေပါဝင်မှာဖြစ်ပြီး 44W Fast Charging ကိုလည်း Support ပြုလုပ်မှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုပုံစံအတိုင်းဆိုရင် IQOO Neo3 5G ဖုန်းက ပေးရတဲ့စျေးနဲ့ တော်တော်လေးကိုတန်တဲ့စွမ်းဆောင်ရည်ရှိလာဖို့များနေပါပြီ။

Ref – GSM Arena