iQOO က Neo7 ရဲ့ Racing Edition ကို ကြေညာလိုက်ပြီး စွမ်းရည်မြင့် Snapdragon 8+ Gen 1 မောင်းနှင်ထားပါတယ်။ Chipset နဲ့ ဈေးနှုန်းကလွဲပြီး တခြား Specs တွေဟာ မူလ Neo7 နဲ့ သိပ်မကွာခြားပါဘူး။

iQOO Neo7 Racing edition unveiled with Snapdragon 8+ Gen 1 chipset

iQOO Neo7 Racing Edition ရဲ့ 8/256GB ကို ဒေါ်လာ ၄၀၀ ၊ 12/256GB ကို ၄၃၀ ဒေါ်လာ၊ 16/256GB ကို ၄၇၄ ဒေါ်လာနဲ့ 16/512GB ကို ၅၁၇ ဒေါ်လာဝန်းကျင် သတ်မှတ်ထားပါတယ်။

iQOO Neo7 Racing edition unveiled with Snapdragon 8+ Gen 1 chipset

iQOO Neo7 Racing Edition မှာ ၆.၇၈ လက်မ FHD+ မျက်နှာပြင် တပ်ဆင်ထားပြီး HDR10+ , 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်ပြားဖြစ်ပြီး 16MP ဆဲလ်ဖီး ကင်မရာ ပါပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာတွေ တပ်ဆင်ထားပါတယ်။ ပင်မကင်မရာမှာ OIS ပါတာက Neo7 နဲ့ တူညီပါတယ်။

120W fast charging: 1-50% in 8 minutes with the screen off, 10-50% in 10 minutes with the screen on

ဘက်ထရီက 5,000mAh ဖြစ်ပြီး ၂ ပိုင်းခွဲထားကာ vivo ရဲ့ 120W Fast Charging နည်းပညာက ၈ မိနစ်အတွင်း ၁ ကနေ ၅၀ ရာခိုင်နှုန်းအားသွင်းပေးနိုင်ပါတယ်။

The best cooling system on any iQOO Neo phone yet

Gaming ဖုန်း ဖြစ်တဲ့အတွက် လျှင်မြန်တဲ့ Qualcomm GPU ကို စွမ်းအင် စားသုံးမှု နည်းပါးကာ ဖရိမ် အသစ်တွေ အပိုထုတ်ပေးနိုင်တဲ့ Chip အပို ၁ ခုနဲ့ ပူးတွဲထားပါတယ်။ Haptic Feedback ပိုကောင်းဖို့ Dual X-axis Linear Motor တွေ ထည့်သွင်းထားပြီး ကြီးမားတဲ့ Vapor Chamber တပ်ဆင်ထားတဲ့အတွက် အပူချိန်လျှော့ချပေးနိုင်ပါတယ်။ Android 13 အခြေပြု Origin OS ပါပါတယ်။

iQOO Neo7 Racing edition unveiled with Snapdragon 8+ Gen 1 chipset

Orange, Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ ဇန်နဝါရီလ ၅ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena