ပူပူနွေးနွေး ကြေညာထားတဲ့ MediaTek Dimensity 8200 ပါတဲ့ ပထမဆုံး စမတ်ဖုန်း ထွက်ပေါ်လာပါပြီ။ အဲဒါကတော့ iQOO Neo7 SE ဖြစ်ပြီး Dimensity 8200 ကို 4nm Process နဲ့ တည်ဆောက်ထားတာပါ။ iQOO Neo7 SE မှာ 8/12/16GB LPDDR5 RAM နဲ့ 128/256/512GB UFS 3.1 Storage ထည့်သွင်းထားပါတယ်။

iQOO Neo 7 SE debuts with Dimensity 8200 chipset and 120W charging

၆.၇၈ လက်မ AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပြီး မျက်နှာပြင်ပြားမှာ 16MP Punch Hole ဆဲလ်ဖီးကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main, 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

iQOO Neo 7 SE debuts with Dimensity 8200 chipset and 120W charging

Android 13 အခြေပြု Origin OS 3 မောင်းနှင်ထားပြီး 120W Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Bluetooth 5.3 , NFC ဆက်သွယ်မှုတွေ ပါပါတယ်။

iQOO Neo7 SE အတွက် Electronic Blue, Star Black နဲ့ Galaxy ၃ ရောင်ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၃၀၁ ဒေါ်လာ၊ 16/256GB ကို ၄၀၁ ဒေါ်လာနဲ့ 12/512GB ကို ၄၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။ တရုတ်မှာ ရောင်းချပေးနေပြီ ဖြစ်ပြီး နိုင်ငံတကာမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

ref : gsmarena