iQOO ဟာ အခုနောက်ပိုင်းမှာ Gaming Phone တွေကို ဆက်တိုက်ထုတ်လုပ်နေပြီး အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ အခုလည်း iQOO ကနေ စမတ်ဖုန်းတွေတင်မဟုတ်ဘဲ Tablet ကိုပါ ပထမဆုံးအနေနဲ့ မိတ်ဆက်သွားမယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် အစောပိုင်းတုန်းက iQOO Pad နဲ့ iQOO Book ဆိုပြီး Product အသစ် ၂ မျိုးအတွက် နာမည်ကို Trademark ရယူထားခဲ့ပြီး အခုအချိန်မှာ iQOO Pad ဟာ မကြာခင် တရားဝင်မိတ်ဆက်တော့မယ်ဆိုပြီး သတင်းထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ သတင်းကိုတော့ နာမည်ကြီး Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေပါ အတည်ပြုခဲ့တာဖြစ်ပါတယ်။

iQOO Pad Tablet ဟာ တခြားသော Android Tablet တွေနဲ့ တူညီမှာမဟုတ်ဘဲ Gaming ပိုင်းကို အဓိကရည်ရွယ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Performance ပိုင်းကောင်းမွန်တဲ့ Chipset အပြင် Fast Charging နဲ့ High Refresh Rate လိုမျိုး Feature တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ ဒါက Android Tablet အတော်များများမှာ ပါဝင်ခြင်းမရှိတဲ့ Feature တွေဖြစ်နေတဲ့အတွက် Gaming Phone တွေလိုမျိုးပဲ Gaming Tablet တွေကပါ အောင်မြင်လာနိုင်ပါတယ်။

ဒါပေမယ့်လည်း iQOO Pad နဲ့ ပတ်သက်ပြီးတော့ Design ပိုင်းနဲ့ ဘယ်လိုမျိုး Feature တွေပါဝင်လာမလဲဆိုတာကတော့ မသိရှိရသေးဘူးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မကြာခင် တရားဝင်မိတ်ဆက်တော့မှာဖြစ်တဲ့အတွက် လာမယ့်ရက်ပိုင်းမှာ Design ပိုင်း Teaser ဓါတ်ပုံတွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – Giz China