၂၀၂၀ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက် Flagship တိုက်ပွဲကတော့ စတင်နေပါပြီ။ ဒီတစ်ခါတော့ စမတ်ဖုန်းကုမ္ပဏီတွေရဲ့ ဂုဏ်သိက္ခာကို ဆုံးဖြတ်ပေးမယ့် အရာက အလွန့်အလွန်လျှင်မြန်တဲ့ အားသွင်းစနစ်တွေပါ။

တရုတ်အခြေစိုက် ထုတ်လုပ်သူတွေနဲ့ Qualcomm အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေ တော်တော်များများက သူတို့ရဲ့ 100W/120W အားသွင်းစနစ်တွေကို သူ့ထက်ငါ ထုတ်ပြခဲ့ကြပြီး ပါဝါ စမတ်ဖုန်းပြိုင်ပွဲကို အမှီလိုက်လာတဲ့ iQOO အမှတ်တံဆိပ်လည်း ပါဝင်လာတော့မှာပါ။

လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကနေ ဩဂုတ် ၃ ရက်နေ့အတွင်းမှာ ကျင်းပမယ့် China Joy ပွဲတော်မှာ iQOO ဟာ အံ့မခန်း လျှင်မြန်တဲ့ အားသွင်းနည်းပညာသစ်တစ်ခု ပါမယ့် စမတ်ဖုန်းကို မိတ်ဆက်လာတော့မှာ ဖြစ်ပါတယ်။

သူတို့က ထုတ်ပြန်ခဲ့တဲ့ Teaser ပိုစတာထဲမှာ ကုမ္ပဏီဟာ အခုလ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့ဖူးတဲ့ 120W FlashCharge နည်းပညာကို အသုံးပြုလာမယ့် စမတ်ဖုန်းအား ပြသလာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စျေးကွက်ထဲ တစ်ခါတည်း ရောင်းချမှာလား၊ Prototype မော်ဒယ်ကို ပြသမှာလား ဆိုတာတော့ မရှင်းလင်းပါဘူး။

နောက်ဆုံးပေါ် အားသွင်းနည်းပညာ အပြင် iQOO စမတ်ဖုန်းသစ်ဟာ 144Hz Refresh Rate နဲ့ Display အလန်းစား ကိုလည်း ယူဆောင်လာမှာပါ။ ဒီဖုန်းရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မကြာတော့တဲ့ ပြပွဲမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Ref – GSMArena