Vivo က iQOO Series တွေကို တိုးချဲ့ထုတ်လုပ်နေပါတယ်။ စွမ်းရည်မြင့် သာမက စွမ်းရည်သင့် Chip တွေပါတဲ့ တန်ဖိုးသင့် iQOO Z1 နဲ့ iQOO U1 တို့ကို ချပြခဲ့ပြီးပါပြီ။ ဒါပေမယ့် iQOO U1 မှာ 5G မပါလာဘဲ 5G ဖွံ့ဖြိုးနေတဲ့ တရုတ်မှာ ရောင်းပေးထားတာက ဂွကျပါတယ်။ အခုတော့ iQOO က ဒီပြဿနာကို ဖြေရှင်းပေးတော့မှာ ဖြစ်ပြီး iQOO U1 5G ကို TENAA မှာ Specs တွေ၊ ဓါတ်ပုံတွေနဲ့တကွ တွေ့မြင်လာရပါပြီ။

TENAA က Chipset အကြောင်းကို မဖော်ပြသေးပေမယ့် 2 GHz CPU ပါမယ်လို့ သတင်းပေးထားပါတယ်။ ဒါဟာ MediaTek Dimensity 800 Series ဖြစ်နိုင်ပေမယ့် ဓါတ်ပုံနဲ့ တခြား Specs တွေအရ iQOO U1 5G ဟာ Exynos 880 Chipset ပါတဲ့ Vivo Y70s နဲ့ လုံးဝ တူညီနေပါတယ်။

iQOO U1 5G ရဲ့ အနောက်ဘက်မှာ 48MP Main , 8MP , 2MP Depth ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး ၆.၅၃ လက်မ LCD မျက်နှာပြင်၊ 4,500mAh ဘက်ထရီတွေ ထည့်သွင်းထားမှာပါ။ 3C က စာရင်းအရ 18W Charger ပါလာနိုင်ပါတယ်။

အဲဒီ Specs အားလုံးဟာ Vivo Y70s နဲ့ တူနေတဲ့အတွက် Vivo ဟာ လက်ရှိ ရောင်းချထားတဲ့ တန်ဖိုးနည်း ဖုန်း ၁ လုံးကို iQOO နာမည်တပ်၊ iQOO UI အုပ်ပြီး ပြန်လည် ရောင်းချတာ ဖြစ်နိုင်ပါတယ်။

Ref : gsmarena