iQOO က တရုတ်မှာ ဇူလိုင်လတုန်းက U1 ကို ကြေညာခဲ့ပြီး အခုတော့ တန်ဖိုးနည်း ဗားရှင်း ဖြစ်တဲ့ iQOO U1x ကို ချပြတော့မယ်လို့ ထင်ပါတယ်။ iQOO U1x ကို တရုတ်က JD.com နဲ့ Tmall တို့မှာ စာရင်းတင်ထားပြီ ဖြစ်ပြီး ဓါတ်ပုံနဲ့ အဓိက Specs တချို့ကို သိလာရပါပြီ။

iQOO U1x listed on JD.com, key specifications and renders revealed ahead of official launch – Droid News

iQOO U1x မှာ Snapdragon 662 SoC ထည့်ထားပြီး 4G ဖုန်း ဖြစ်ပါတယ်။ ဘက်ထရီက 5,000mAh ဖြစ်ပြီး 4/64GB , 6/64GB နဲ့ 6/128GB ဗားရှင်း ၃ မျိုးတွေ့ရပါတယ်။ တရုတ် စတိုးတွေမှာ အမှာစာတင်ထားနိုင်ပြီ ဖြစ်ပေမယ့် ဈေး မသိရသေးပါဘူး။ ဒီလ ၂၁ ရက်နေ့မှာ အကြိုရောင်းပေးမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့ ကြေညာမှာပါ။ Light Black နဲ့ Morning Forest ၂ ရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး အရွယ်သေး Notch နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပါတယ်။ အနောက်ဘက် ကင်မရာတွေကို ဒေါင်လိုက် တပ်ဆင်ထားပါတယ်။

iQoo U1x Specifications, Renders Revealed, to Go on Pre-Sale From October 21 | Technology News

တရုတ်က TENAA မှာ Vivo ဖုန်း ၂ လုံးကို မကြာခင်က မှတ်ပုံတင်ထားပြီး V2031A နဲ့ V2034A တို့ ဖြစ်ပါတယ်။ V2031A 5G ကိုတော့ မကြာခင်ကပဲ Vvo Y73s 5G နာမည်နဲ့ ပွဲထုတ်ခဲ့ပြီးပါပြီ။ Vivo V2034A ကတော့ iQOO U1x ဖြစ်နိုင်ပါတယ်။

TENAA က စာရင်းအရ V2034A ရဲ့ အရွယ်အစား အပြည့်အစုံမှာ 164.41 × 76.32 × 8.4mm နဲ့ အလေးချိန်မှာ ၁၇၁.၃ ဂရမ် ဖြစ်ပါတယ်။ ၆.၅၂ လက်မ HD+ AMOLED မျက်နှာပြင်နဲ့ Android 10 OS ပါလာမှာပါ။ အနောက်ဘက်မှာ 13MP , 2MP နဲ့ 2MP ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ Fast Charging လည်း ထောက်ပံ့ထားမှာပါ။

Ref : gizmochina