iQOO Z1 5G စမတ်ဖုန်းဟာ မကြာခင်တရားဝင်မိတ်ဆက်တော့မယ့် ဖုန်းတစ်လုံးဖြစ်ပြီး အခုရက်ပိုင်းမှာ ဆက်တိုက်ဆိုသလို Specs တွေထွက်ပေါ်နေပါတယ်။ ယနေ့မှာတော့ iQOO ရဲ့ တရားဝင် Weibo အကောင့်ကနေ iQOO Z1 ရဲ့ ကာလာစုံပိုစတာတွေကို Tease လုပ်လာခဲ့တာ အခုလိုတွေ့ရပါတယ်။

ဒီဖုန်းရဲ့ရှေ့ပိုင်းကို အရင်ကမြင်ခဲ့ဖူးပြီး Punch-hole ဒီဇိုင်းနဲ့ ဖြစ်ပါတယ်။ ယနေ့ထွက်လာတဲ့ ပုံတွေမှာတော့ ဖုန်းရဲ့ နောက်ဘက်ဒီဇိုင်းကို အဓိကမြင်ရမှာပါ။ နောက်ဘက်ဟာ စတုဂံပုံစံ Camera Module နဲ့အတူ iQOO Neo3 5G နဲ့ အတော်လေးဆင်တူတာကို တွေ့ရမှာဖြစ်ပါတယ်။

iQOO Z1 ရဲ့ ယနေ့ပုံတွေက နောက်ဘက်မှာ Triple-cam ပါမယ်ဆိုတာကိုလည်း အတည်ပြုပေးခဲ့ပါတယ်။

Weibo ပိုစ့်ထဲမှာ အရောင်နှစ်မျိုးကိုသာ တွေ့ရပေမယ့် တကယ်တမ်းထွက်လာချိန်မှာတော့ နောက်ထပ်အရောင်သစ်တွေမြင်ရဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ တရုတ်ဘာသာနဲ့ရေးသားထားတဲ့ အဆိုပါ ကာလာနှစ်မျိုးဟာ Space Blue နဲ့ Galaxy Silver လို့ Google Translation က ဘာသာပြန်ပေးထားပါတယ်။

Ref – GSMArena