တရုတ်မှာ iQOO Z1x ကို ကြေညာပြီး ရက်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီက ပြီးခဲ့တဲ့ လအနည်းငယ်က ကြေညာခဲ့တဲ့ iQOO Z1 ရဲ့ Limited Edition အသစ် ၁ လုံးကို မိတ်ဆက်လိုက်ပါတယ်။ iQOO Z1 Nautical King Limited Edition  လို့ နာမည်ပေးထားပြီး တရုတ်မှာ ဒီလ ၂၂ ရက်နေ့ ရောင်းမှာပါ။ iQOO က အကန့်အသတ်နဲ့ ရောင်းမယ်လို့ ပြောပါတယ်။

iQOO က Limited Edition ရဲ့ သတင်းအချက်အလက်တွေကို ဘာမှ မပြောသေးပေမယ့် ပိုစတာအရ ရိုးရိုး မော်ဒယ်နဲ့ ဒီဇိုင်း တူပါတယ်။ iQOO က လာမယ့် ရက်ပိုင်းအတွင်းမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို ပြောကြားနိုင်ပါတယ်။

iQOO Z1 ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ ၆.၅၇ လက်မ IPS LCD မျက်နှာပြင်နဲ့ ညာဘက်အထက်မှာ Punch Hole ထည့်သွင်းထားပါတယ်။ HDR10 ထောက်ပံ့ထားပြီး FullHD+ Resolution ဖြစ်ပါတယ်။ 144Hz Refresh Rate ကြောင့် ဂိမ်း ကစားရင် လန်းမှာပါ။ MediaTek Dimensity 1000+ Chipset ပါတဲ့ ပထမဆုံး ဖုန်း ဖြစ်ပြီး 8GB LPDDR4X RAM နဲ့ 256GB UFS 3.1 Storage အထိ ရွေးချယ်နိုင်ပါတယ်။

အနောက်ဘက်မှာ 48MP Main , 112 Degree 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး၊ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ထည့်ထားပါတယ်။ Android 10 အခြေပြု iQOO UI အုပ်ထားပါတယ်။ 4,500mAh ဘက်ထရီပါလာပြီး 44W Fast Charging ကြောင့် အားသွင်းရင် အရမ်းမြန်မှာပါ။

Ref : gizmochina