ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထွက်ခဲ့တဲ့ Leak သတင်းတွေက iQOO Z1x စမတ်ဖုန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်လာခဲ့ပေမယ့် iQOO ကိုယ်တိုင်ကတော့ ဘာမှမပြောဘဲ ငြိမ်နေတုန်းပါပဲ။

ဒီဖုန်းဟာ Monster Inside လို့ကြွေးကြော်ထားတဲ့ iQOO အမှတ်တံဆိပ်အတွက် ပထမဆုံး Midrange ဟန်းဆက် ဖြစ်လာမှာပါ။ ယနေ့ထွက်လာတဲ့သတင်းအရတော့ iQOO Z1x ဟာ လာမယ့်ရက်သတ္တပတ်မှာ မိတ်ဆက်လာနိုင်ခြေရှိတယ် လို့ဆိုပါတယ်။

တရုတ်ပြည်တွင်းက Leak သတင်းတစ်ခုမှာ iQOO Z1x ကို တစ်ပတ်အတွင်းမိတ်ဆက်မယ်လို့ ဆိုပြီး နောက်သတင်းတစ်ခုကတော့ ဇူလိုင် ၂ လို့ဆိုပါတယ်။ တကယ်သာဆိုရင်တော့ လာမယ့်ရက်အနည်းငယ်အတွင်း iQOO ကနေ တစ်ခုခု ကြေညာလာရမှာပါ။

Leak သတင်းကတော့ iQOO Z1x မှာ 6/128 GB မန်မိုရီအတွဲပါမှာဖြစ်ပြီး ယွမ် ၁၃၉၈ (မြန်မာငွေ ၂ သိန်း ၇ သောင်း) ခန့် ဈေးနှုန်းသတ်မှတ်လာမယ်လို့ဆိုထားပါတယ်။ ဒီဟန်းဆက်ဟာ Snapdragon 765G ချစ်ပ်ဆက် အသုံးပြုထားတဲ့အထဲမှာ ဈေးအသက်သာဆုံးအဖြစ် ပွဲထွက်လာမယ်လို့လည်း သတင်းထွက်နေပါတယ်။

iQOO Z1x ဟာ 6.57” IPS LCD Display ပါဝင်မှာဖြစ်ပြီး Punch-hole လား၊ Notch ဒီဇိုင်းလား ဆိုတာတော့ မသိရသေးပါဘူး။ သေချာတာက သူ့မှာ 120Hz Refresh Rate ပါဝင်လာမှာပါ။ ဘက္ထရီက 5,000 mAh ဖြစ်ပြီး 33W အားသွင်းစနစ်နဲ့ လာမယ်လို့ သူ့ရဲ့ 3C အတည်ပြုချက်က ဖော်ပြထားပါတယ်။

Ref – GizmoChina