Vivo ရဲ့ ကုမ္ပဏီခွဲ iQOO က Z1x ကို မကြာခင် ကြေညာတော့မှာ ဖြစ်ပြီး ကုမ္ပဏီက Snapdragon 765G Chipset ပါမယ်ဆိုတာ အတည်ပြုထားပြီးပါပြီ။ အခုတော့ iQOO က အဲဒီဖုန်းရဲ့ Key Specs တချို့ကို ပိုစတာ ၁ ခုနဲ့ အသိပေးလိုက်ပါတယ်။ ပိုစတာမှာ SD765G SoC ကို ထပ်မံ အတည်ပြုထားပြီး 5G ပါလာမှာပါ။ ဒါ့အပြင် 120Hz Refresh Rate နဲ့ 33W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်ထားမယ်လို့ အတည်ပြုထားပါတယ်။


အရင်ကလည်း အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်ခဲ့ဖူးပြီး အနက်၊ အပြာနဲ့ အဖြူရောင်တွေ ထုတ်လုပ်ထားပါတယ်။ ၆.၅၇ လက်မ IPS LCD မျက်နှာပြင်နဲ့ Punch Hole ပါလာပြီး Android 10 အခြေပြု iQOO UI နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာတွေ ထောက်ပံ့ထားမှာပါ။


အဲဒီ စမတ်ဖုန်းမှာ အနောက်ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 48MP Main နဲ့ 2MP ကင်မရာ ၂ လုံး ဖြစ်ပါတယ်။ အရှေ့ဘက်မှာ 16MP ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး ဇူလိုင်လ ၉ ရက်နေ့ တရုတ်မှာ ကြေညာမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကို မသိရသေးပေမယ့် ယွမ် ၂,၀၀၀ (၄သိန်း) အောက်နဲ့ ရောင်းနိုင်ပါတယ်။
Ref : gizmochina